အမိန့်ကြော်ငြာစာအမှတ် (၁၃၂၃/၂၀၂၁) သစ်တောဦးစီးဌာနသို့ ပေးဆောင်ရမည့် ဂေဟစနစ်ဝန်ဆောင်ခများ သတ်မှတ်ခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် သစ်တောနယ်မြေအတွင်းရှိ ပုဂ္ဂလိက (ကျွန်း၊သစ်မာ) သစ်တောစိုက်ခင်းများ၊ သစ်တောမြေပြင်ပတွင်စိုက်ပျိုးထားပြီး သစ်တောဦးစီးဌာနတွင်မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက (ကျွန်း၊သစ်မာ) သစ်တောစိုက်ခင်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော (သဘာဝတော/စိုက်ခင်း) များမှ နောက်ဆုံးတောတွက်ထုတ်ယူပြီး ပြည်တွင်း/ပြည်ပသို့ရောင်းချခြင်းအတွက် သစ်တောဦးစီးဌာနသို့ပေးဆောင်ရမည့် ဂေဟစနစ်ဝန်ဆောင်ခများသတ်မှတ်ခြင်းအား အမိန့်ကြော်ငြာစာအမှတ် (၁၃၂၃/၂၀၂၁) ဖြင့် ၂၀၂၁ ခုနှစ်၊  ဩဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ထုတ်ပြန်သည့်ရက် 2021-08-25
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ သစ်တောဦးစီးဌာန
ပြင်ဆင်သည့်ရက် 2025-05-20 03:32:35

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ