ပြည်တွင်းရှိ ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ

မြန်မာနိုင်ငံသို့ ကုန်စည်များတင်သွင်းခြင်းနှင့် မြန်မာနိုင်ငံမှ ကုန်စည်များတင်ပို့ခြင်းတို့ဆောင်ရွက်ရာတွင် တင်သွင်း/တင်ပို့မှု၊ ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သည့် စီးမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသော ပင်လယ်ရေ ကြောင်းအကောက်ခွန်အက်ဥပဒေ (၁၈၇၈)၊ ကုန်းလမ်းအကောက်ခွန်အက်ဥပဒေ (၁၉၂၄)၊ ပို့ကုန်သွင်းကုန်ဥပဒေ (၂၀၁၂) နှင့် အကောက်ခွန်နှုန်းဥပဒေ (၁၉၉၂) များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ အဆိုပါ ဥပဒေများကို အကောက်ခွန်ဦးစီးဌာန၏ Website ; https://www.customs.gov.mm/ ၊  ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ Website ; http://www.oag.gov.mm/ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Website ; http://www.commerce.gov.mm/ များတွင် ဝင်ရောက်ကြည့်ရှု/ ရယူနိုင်ပါသည်။

ကုန်စည်တင်သွင်းတင်ပို့ခြင်းများနှင့်စပ်လျဉ်း၍ ဥပဒေများနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အောက်ဖော်ပြပါ Link များတွင် ဝင်ရောက်ကြည့်ရှု/ ရယူနိုင်ပါသည်-