မြန်မာ-အိန္ဒိယနယ်စပ်မှ ရေချိုငါးမျိုးစုံ ရှစ်တန် ကျော်တင်ပို့
                                                    
                
	မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်တဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ ဇွန် ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၁၅ သန်း တန်ဖိုးရှိ ယခင်တစ်ပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ ရေချိုငါးမျိုးစုံ ရှစ်တန်ခွဲ တင်ပို့နိုင်တယ်လို့ သိရပါတယ်။ ရေချိုငါး မျိုးစုံအပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၄၄၃ သန်း တန်ဖိုးရှိ ကွမ်းသီး ၄၇၃ တန်၊အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၀၉ သန်း တန်ဖိုးရှိ ငါးသေတ္တာ ၁၆ တန်၊ အမေရိကနေ် ဒါ်လာ သုည ဒသမ ဝ၀၉ သန်း တန်ဖိုးရှိ ဆပ်ပြာမှုန့် ၁၇ တန်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၉ သန်းတန်ဖိုးရှိ အချိုရည် ၂၅ တန်၊ အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၂၁ သန်း
	တန်ဖိုးရှိ မုန့်မျိုးစုံ ၂၁ တန်ကျော်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၂၁ သန်းတန်ဖိုးရှိ ပလတ်စတစ်အိတ် တန် ၆၀ ကျော်ကိုလည်း တင်ပို့နိုင်ခဲ့တယ်လို့ ရိဒ် ကုန်သွယ်ရေးစခန်းမှ သိရပါ တယ်။
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General