နည်းပညာဆိုင်ရာအကြောင်းဖြင့် ထိန်းချုပ်ဓာတုပစ္စည်းများတင်ပို့ရန် သက်ဆိုင်ရာဌာန၏အတည်ပြုချက် သို့မဟုတ် ခွင့်ပြုချက်ရယူရန်

အကြောင်းအရာ ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၁၆၊ ၁၇၊ ၁၉ (က)) သည် ထိန်းချုပ်ဓာတုပစ္စည်းများတင်ပို့မှုအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန် ဖော်ပြထားပါသည်။ ဤကုန်စည်ကို တင်ပို့လို သူတိုင်းသည် ထိန်းချုပ်ဓာတုပစ္စည်းများကြီးကြပ်ရေးကော်မတီတွင် ထောက်ခံချက်ရယူရမည်ဖြစ်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ထိန်းချုပ်ရန်ဖြစ်ပါသည်။
မှတ်ချက်များ အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၀၄ ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏အခြေအနေအရ ပြောင်းလဲနိုင်သည်။
အဖွဲ့အစည်း ပြည်ထဲရေးဝန်ကြီးဌာန
ပို့ကုန်/သွင်းကုန် ပို့ကုန်
မှ အတည်ဖြစ်သည် 2004-07-01
ထိ အတည်ဖြစ်သည် သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။
ရည်ညွှန်းချက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၃၀၊ ပုဒ်မခွဲ (က)
နည်းပညာကုဒ်
ယူအမ်ကုဒ် P13 - Authorization or permit requirements to export, for technical reasons
စည်းမျဉ်းအမျိုးအစား ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ
ပြင်ဆင်သည့်ရက် 2018-06-20 14:15:26

လုပ်ထုံးလုပ်နည်းများ
အမည် အကြောင်းအရာ ကဏ္ဍ
ထိန်းချုပ်ဓါတုပစ္စည်းများအတွက် ပို့ကုန်ထောက်ခံချက်ရယူခြင်း ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီမှ ပို့ကုန်ဆိုင်ရာထောက်ခံချက်ရရှိရန်လျှောက်ထားခြင်း Export
ကုန်စည်များ

This measure applies to the following commodities.

HS Code အကြောင်းအရာ
2939440000 - - Norephedrine and its salts
2939610000 - - Ergometrine (INN) and its salts
2939620000 - - Ergotamine(INN) and its salts
2939630000 - - Lysergic acid and its salts