တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများတင်ပို့မှုကို သတ်မှတ်အကောက်ခွန်စခန်းမှ ဆောင်ရွက်ရန် (ဆေးဝါး)

အကြောင်းအရာ ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၂ (က) နှင့် အခန်း ၂၊ ပုဒ်မ ၄ (ဂ)) သည် တင်ပို့ကုန်စည်ကို စမ်းသပ်စစ်ဆေးရန်အတွက် သတ်မှတ်ထားသော အကောက်ခွန်စခန်းမှ သယ်ဆောင်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ ပြည်ပသို့ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများတင်ပို့လိုသူသည် လက်ခံမည့်နိုင်ငံ၏လိုအပ်ချက်အရ ပြည်ပသို့ တင်ပို့မည့် တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများကို ဦးစီးဌာနတာဝန်ရှိဝန်ထမ်းက သတ်မှတ်သည့် နေရာတွင် သတ်မှတ်ထားသော ကာလအပိုင်းအခြားအထိ သီးသန့်ခွဲခြားစစ်ဆေးခြင်းကို ခံယူရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။
မှတ်ချက်များ အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၀၅ ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ပါသည်။
အဖွဲ့အစည်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
ပို့ကုန်/သွင်းကုန် ပို့ကုန်
မှ အတည်ဖြစ်သည် 2005-04-07
ထိ အတည်ဖြစ်သည် သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။
ရည်ညွှန်းချက် တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ၊ ပုဒ်မ ၃၃ (ခ)
နည်းပညာကုဒ် P21
ယူအမ်ကုဒ် P21 - Requirement to pass through specified port of customs for exports
စည်းမျဉ်းအမျိုးအစား ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ
ပြင်ဆင်သည့်ရက် 2018-09-19 14:44:39

လုပ်ထုံးလုပ်နည်းများ
အမည် အကြောင်းအရာ ကဏ္ဍ
တိရိစ္ဆာန်ဆေးဝါးနှင့်မွေးမြူရေးသုံးပစ္စည်းများ၊ တိရစ္ဆာန်အစာ၊ အေးခဲသား၊ အသားခြောက်နှင့် ပျားနှင့်ပျားထွက်ပစ္စည်းအတွက် တင်ပို့ခွင့်ထောက်ခံချက်နှင့် တိရိစ္ဆာန်ကျန်းမာရေးထောက်ခံချက် တိရိစ္ဆာန်ဆေးဝါးနှင့်မွေးမြူရေးသုံးပစ္စည်းများ၊ တိရစ္ဆာန်အစာ၊ အေးခဲသား၊ အသားခြောက်နှင့် ပျားနှင့်ပျားထွက်ပစ္စည်း၊ မွေးမြူရေးခြံအသုံးအဆောင်ပစ္စည်းများအတွက် တင်ပို့ခွင့်ထောက်ခံချက်နှင့် တိရိစ္ဆာန်ကျန်းမာရေးထောက်ခံချက် ကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင်ဆည်မြောင်း၀န်ကြီးဌာနအောက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင်လျှောက်ထားရယူခြင်း။ Export
ကုန်စည်များ

This measure applies to the following commodities.

HS Code အကြောင်းအရာ