အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများအား လမ်းကြောင်းလိုက်မှတ်တမ်းထားရှိစေခြင်း

အကြောင်းအရာ ဤစီမံဆောင်ရွက်မှု (အခန်း ၂၊ ပုဒ်မ ၁၁ နှင့် အခန်း ၅၊ ပုဒ်မ ၂၁) သည် ကုန်စည်များနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ဖော်ပြထားရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းကို ဖြစ်စေ၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းကိုအသုံးပြုရန် ထုတ်လုပ်ထားသော ထုတ်ကုန်ကိုဖြစ်စေ ပြည်တွင်းသို့ တင်သွင်းခြင်း ပြုလုပ်သူသည် မိမိ၏ လုပ်ငန်းနှင့် စပ်လျဉ်း၍ ပြည်တွင်းသို့အမှန်တကယ်တင်သွင်းမှု အခြေအနေကို ဝန်ကြီးဌာနသို့ နှစ်စဉ်တင်ပြရမည်။ ရည်ရွယ်ချက်များမှာ ဆုတ်ယုတ်ပျောက်ကွယ်စ ဖြစ်နေသော ဂေဟစနစ်များကို ဖြစ်နိုင်သမျှပြန်လည်ဖော်ထုတ်ရန်၊ သဘာဝသယံဇာတအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်ရန်တို့ဖြစ်ပါသည်။
မှတ်ချက်များ အမိန့်ကြော်ငြာစာအမှတ် ၃၇/၂၀၁၄ ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏အခြေအနေအရပြောင်းလဲနိုင်သည်။
အဖွဲ့အစည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ပို့ကုန်/သွင်းကုန် သွင်းကုန်
မှ အတည်ဖြစ်သည် 2018-07-14
ထိ အတည်ဖြစ်သည် သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။
ရည်ညွှန်းချက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ၂၀၁၂
နည်းပညာကုဒ်
ယူအမ်ကုဒ် B85 - Traceability requirements
စည်းမျဉ်းအမျိုးအစား ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ
ပြင်ဆင်သည့်ရက် 2018-07-14 16:54:14

လုပ်ထုံးလုပ်နည်းများ
အမည် အကြောင်းအရာ ကဏ္ဍ
အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာတင်သွင်းခြင်း၏ထောက်ခံချက်နှင့် လုပ်ငန်းလုပ်ကိုင်ခြင်းလိုင်စင် မြန်မာနိုင်ငံသို့ တင်သွင်းလိုသော အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ တင်သွင်းခြင်းအတွက် ထောက်ခံချက်နှင့် လုပ်ငန်းလုပ်ကိုင် ခြင်းလိုင်စင်ရရှိရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတွင် လျှောက်ထားခြင်း Import
ကုန်စည်များ

This measure applies to the following commodities.

HS Code အကြောင်းအရာ
2903199000 - - - Other
2903710000 - - Chlorodifluoromethane
2903720000 - - Dichlorotrifluoroethanes
2903730000 - - Dichlorofluoroethanes
2903740000 - - Chlorodifluoroethanes
2903750000 - - Dichloropentafluoropropanes
2903760000 - - Bromochlorodifluoromethane, bromotrifluoromethane and dibromotetrafluoroethanes
2903790000 - - Other
2904100000 - Derivatives containing only sulpho groups, their salts and ethyl esters
3814000000 Organic composite solvents and thinners, not elsewhere specified or included; prepared paint or varnish removers.