ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ ၃/၂၀၂၅ ထုတ်ပြန်ခြင်း
စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် ပို့ကုန်၊သွင်းကုန် နှင့်ပတ်သက်သည့်သတင်းလွှာ ၂/၂၀၂၅ အရ Automatic Licensing စနစ်ဖြင့် ခွင့်ပြုထားသောကုန်စည် ၉၇ လိုင်းအား ပင်လယ်ရေကြောင်းမှတင်ပို့ခြင်းအတွက် Automatic Licensing စနစ်ဖြင့် ဆက်လက်ခွင့်ပြုမည်ဖြစ်ပြီး နယ်စပ်မှတင်ပို့ခြင်းအတွက် Non-Automatic Licensing စနစ်ဖြင့်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်းကို ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ ၃/၂၀၂၅ ဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
ထုတ်ပြန်သည့်ရက် | 2025-07-11 |
ဥပဒေ အမျိုးအစား | Notification |
ထုတ်ပြန်သည့်အဖွဲ့ | စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
တာဝန်ယူသည့် အဖွဲ့ | ကုန်သွယ်ရေးဦးစီးဌာန |
ပြင်ဆင်သည့်ရက် | 2025-07-22 04:21:10 |