| ကဏ္ဍ |
Import |
| ပုံ
|
|
| အကျဉ်းချုပ် |
နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း (သို့) ရောင်ခြည်ထုတ်ကိရိယာများ တင်သွင်းခြင်းအတွက်ထောက်ခံချက်ရယူခြင်း |
| အကြောင်းအရာ
|
နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွ ပစ္စည်း (သို့) ရောင်ခြည်ထုတ်ကိရိယာများ
တင်သွင်းခြင်း၊ မှတ်ပုံတင်ခြင်းနှင့် လိုင်စင်လျှောက်ထားရာတွင် ဆောင်ရွက်ပုံအဆင့်ဆင့်
၁။ နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း(သို့) ရောင်ခြည်ထုတ်ကိရိယာများကို တင်သွင်း/ တင်ပို့လိုသူ အဖွဲ့အစည်းမှ အဏုမြူစွမ်းအင်ဦးစီးဌာနရှိ(အစ-၅) ပုံစံကို ထုတ်ယူ လျှောက်ထားနိုင်သည်။
၂။ လျှောက်ထားလာသည့် လျှောက်လွှာပုံစံ(အစ-၅) နှင့်အတူ ပူးတွဲပါလိုင်စင်လျှောက်ထားရန် လို အပ်သော အချက်အလက်ပြည့်စုံသော စာရွက်စာတမ်းများနှင့် ပူးတွဲ လျှောက်ထားရပါသည်။ (တင်သွင်း မည့် စက်ကိရိယာနှင့် သက်ဆိုင်သော အသေးစိတ်အချက်အလက်များပါဝင်သည့်စာရွက်စာတမ်းများ)
၃။ လျှောက်ထားသူသည် တင်သွင်းခွင့်လိုင်စင်အတွက် လိုင်စင်ကြေးအား သတ်မှတ်ချက်အတိုင်း အဏုမြူ စွမ်းအင်ဦးစီးဌာန၏ ဘဏ်စာရင်းအမှတ်သို့ ပေးသွင်းရမည်။
၄။ ထိုသို့လျှောက်ထားလာသော လျှောက်လွှာများ၏ ပြည့်စုံမှန်ကန်၍ သတ်မှတ်ချက်များနှင့် ကိုက်ညီသော လျှောက်လွှာများအား တင်သွင်းခွင့်လိုင်စင်(အစ-၆) ဖြင့် ထုတ်ပေးပါသည်။
၅။ တင်သွင်းခွင့်လိုင်စင်ရရှိပြီး မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာသောပစ္စည်းများအား လျှောက်လွှာတွင် ဖော်ပြထားသည့်အတိုင်း ပစ္စည်းအမျိုးအစား၊ အရေအတွက်မှန်ကန်ခြင်း၊ လုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင်ရန်အတွက် အန္တရာယ်ကင်းရှင်း၍ ဘေးကင်းလုံခြုံမှုရှိ/မရှိ စသည်များအား အဏုမြူစွမ်းအင် ဦးစီးဌာနမှ သွားရောက်စစ်ဆေးပြီး မှန်ကန်မှုရှိပါက လျှောက်လွှာပုံစံ(အစ-၁)ဖြင့်အဆိုပါပစ္စည်း၏လက်ဝယ်ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းအား ဆက်လက်၍လျှောက်ထားဆောင်ရွက်ရပါမည်။
၆။ အဏုမြူစွမ်းအင်ဦးစီးဌာနမှ သတ်မှတ်ချက်များပြည့်စုံသော လျှောက်လွှာပုံစံ(အစ-၁)ဖြင့် လျှောက်ထားသူအား လက်ဝယ်ပိုင်ဆိုင်ခွင့်မှတ်ပုံတင်လက်မှတ်(အစ-၂) ဖြင့် ထုတ်ပေးပါသည်။
၇။ မှတ်ပုံတင်ပြီးပစ္စည်းအား အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း(သို့)ရောင်းချ ခြင်းများပြုလုပ်နိုင်ရန်အတွက် လျှောက်လွှာပုံစံ (အစ-၃) ဖြင့် အဏုမြူစွမ်းအင် ဦးစီးဌာနသို့ဆက်လက် ၍လျှောက်ထားရပါမည်။
၈။ မှတ်ပုံတင်ထားသောအဖွဲ့အစည်းအနေဖြင့် လျှောက်လွှာပုံစံ (အစ-၃)ဖြင့်လျှောက်ထားပါက ဓာတ်ရောင်ခြည်ကာကွယ်ရေး အစီအစဉ်များ ဆောင်ရွက်လိုက်နာနိုင်ရန်အတွက် -
(၁)ဓာတ်ရောင်ခြည်ကာကွယ်ရေးအရာရှိအားခန့်အပ်ထားရှိ ရမည်။
(၂)ဓာတ်ရောင်ခြည်ကာကွယ်ရေးပစ္စည်းများနှင့် ဓာတ်ရောင်ခြည်ကာကွယ်ရေးအစီအမံများ အသုံးပြုလိုက်နာဆောင်ရွက်ရမည်။ (၃) ဓာတ်ရောင်ခြည်ကာကွယ်ရေး အစီအစဉ်များ ပြည့်စုံစွာဆောင်ရွက်ရမည်။
(၄) ပတ်ဝန်းကျင်အား ညစ်ညမ်းမှု ထိန်းသိမ်းရေးအစီအစဉ်များ ဆောင်ရွက်ရမည်။
၉။ အဏုမြူစွမ်းအင်ဦးစီးဌာနမှအသုံးပြုခွင့်လိုင်စင်လျှောက်ထားသောအဖွဲ့အစည်း၏လုပ်ငန်းခွင်အား အသုံးပြုခွင့်လိုင်စင်ချပေးနိုင်ရေးအတွက် ဓာတ်ရောင်ခြည်ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း ဘေးကင်းလုံခြုံစွာ အသုံးပြုခြင်းရှိ/မရှိကို သွားရောက်စစ်ဆေးခြင်းနှင့် သက်တမ်းတိုးရန် တင်ပြလျှောက် ထားခြင်းများအတွက် ပုံမှန်စစ်ဆေးခြင်းများပြုလုပ်ပါသည်။
၁၀။ ထိုသို့ စစ်ဆေးရာတွင် စစ်ဆေးတွေ့ရှိချက်များ၏ လိုအပ်ချက်များအား ညွှန်ကြားခြင်းများ ပြုလုပ်ပေးပါသည်။ အဆိုပါ တွေ့ရှိချက်များ ညွှန်ကြားခဲ့မှုများကိုညွှန်ကြားရေးမှူးချုပ်ထံသို့ ဆက်လက်တင်ပြပါသည်။
၁၁။ သတ်မှတ်ချက်များအတိုင်း ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ပြီးသော အဖွဲ့အစည်းများအား အသုံးပြုခွင့်လိုင်စင်ချပေးပါသည်။
၁၂။ လုပ်ငန်းပြီးဆုံး၍ မူရင်းနိုင်ငံသို့ ပြန်လည်တင်ပို့လိုသော အဖွဲ့အစည်းများအနေဖြင့် ပြန်လည်တင်ပို့ခွင့်လိုင်စင်အား လျှောက်လွှာပုံစံ (အစ-၅) ဖြ င့်လျှောက်ထားရပါမည်။
၁၃။ လျှောက်ထားလာသော အဖွဲ့အစည်းများကို အန္တရာယ်ကင်းစွာ ထုတ်ပိုးမှုရှိ/မရှိ စစ်ဆေး၍ ပြန်လည် တင်ပို့ခွင့်လိုင်စင် (အစ-၆)နှင့် ပြန်လည်တင်ပို့ခွင့်လက်မှတ်အား အဏုမြူစွမ်းအင်ဦးစီးဌာနမှ ပြန်လည်ထုတ်ပေးပါသည်။
၁၄။ ရေဒီယိုသတ္တိကြွပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အဆိုပါပစ္စည်းများနှင့်အတူ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီမှ ချမှတ်ထားသော သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နိုင်သည့် သက်ဆိုင်ရာသင်တန်းတက်ရောက်ထားသူမှတာဝန်ယူ ဆောင်ရွက်ရပါမည်။ |
ပုံစံများ
The following form/s are used in this procedure.
| ခေါင်းစဉ် |
အကြောင်းအရာ |
ကဏ္ဍ |
အဖွဲ့အစည်း |