| အကြောင်းအရာ  | ဤစီမံဆောင်ရွက်မှု (အခန်း ၉၊ အပိုဒ် ၂၁) သည် ကုန်စည်တင်သွင်းမှုအတွက်သက်ဆိုင်ရာ ဌာနမှ အတည်ပြုချက်ရယူရန် ဖော်ပြထားပါသည်။ နျူးကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ်ကိရိယာတစ်မျိုးမျိုးကို ပြည်တွင်းသို့ တင်သွင်းလိုသူသည် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းသို့ သွင်းကုန်ထုတ်ကုန်ပါမစ် သိုမဟုတ် လိုင်စင်မလျှောက်ထားမီ ကြိုတင် ခွင့်ပြုချက်ရရှိရန် အဏုမြူစွမ်းအင်ဦးစီးဌာနသို့ လျှောက်ထားရမည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်များမှာ နိုင်ငံအတွင်း အဏုမြူစွမ်းအင် အသုံးပြုမှုဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံအတွင်း အဏုမြူစွမ်းအင် အသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ လူနှင့် ပတ်ဝန်းကျင်တွင် အဏုမြူ ဖြာထွက်ရောင်ခြည်သက်ရောက်မှုကို ကာကွယ် ထိန်းသိမ်းရန်အတွက် အစီအမံများချမှတ်ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။ | 
                    
                    
                        | မှတ်ချက်များ  | အဏုမြူစွမ်းအင်ဥပဒေ ၁၉၉၈ ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီကပြဋ္ဌာန်းပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏အခြေအနေအရပြောင်းလဲနိုင်သည်။ | 
                    
                    
                        | အဖွဲ့အစည်း  | အဏုမြူစွမ်းအင်ဦးစီးဌာန | 
                    
                    
                        | ပို့ကုန်/သွင်းကုန်  | သွင်းကုန် | 
                    
                    
                        | မှ အတည်ဖြစ်သည်  | 2018-08-06  | 
                    
                    
                        | ထိ အတည်ဖြစ်သည်  |  သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ | 
                    
                    
                        | ရည်ညွှန်းချက်  | အဏုမြူစွမ်းအင်ဥပဒေ ၁၉၉၈ | 
                    
                    
                        | နည်းပညာကုဒ်  |  | 
                    
                    
                        | ယူအမ်ကုဒ်  | 
                        
                                                B14 - Authorization requirement for importing certain products
                                                 | 
                    
                    
                        | စည်းမျဉ်းအမျိုးအစား  | ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ | 
                    
                    
                        | ပြင်ဆင်သည့်ရက် | 
                        2018-06-22 11:17:26 |