| အကြောင်းအရာ  | ဤစီမံဆောင်ရွက်မှု (အခန်း ၂၊ ပုဒ်မ ၄ (က)) သည် တင်ပို့နိုင်ငံမှ ကုန်စည်မတင်ပို့မှု စစ်ဆေးရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာတင်ပို့သူသည် အဆိုပါကုန်စည်များ ထုတ်လုပ်သောနေရာနှင့် သိုလှောင်ထားရှိသော နေရာတို့သို့ ဦးစီးဌာနတာဝန်ရှိဝန်ထမ်းက ဝင်ရောက်ကြည့်ရှု့စစ်ဆေးခြင်းကို ခံယူရမည်။ ဦးစီးဌာနတာဝန်ရှိလိုအပ်သော စစ်ဆေးစမ်းသပ်မှုများပြုလုပ်ရန် နမူနာပစ္စည်းများရယူခြင်းကို အခမဲ့ပေးအပ်ရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ | 
                    
                    
                        | မှတ်ချက်များ  | အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၀၅ ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ပါသည်။ | 
                    
                    
                        | အဖွဲ့အစည်း  | မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန | 
                    
                    
                        | ပို့ကုန်/သွင်းကုန်  | ပို့ကုန် | 
                    
                    
                        | မှ အတည်ဖြစ်သည်  | 2005-04-07  | 
                    
                    
                        | ထိ အတည်ဖြစ်သည်  |  သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ | 
                    
                    
                        | ရည်ညွှန်းချက်  | တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ၊ ပုဒ်မ ၃၃ (ခ) | 
                    
                    
                        | နည်းပညာကုဒ်  | P181 | 
                    
                    
                        | ယူအမ်ကုဒ်  | 
                        
                                                P181 - Testing requirement
                                                 | 
                    
                    
                        | စည်းမျဉ်းအမျိုးအစား  | ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ | 
                    
                    
                        | ပြင်ဆင်သည့်ရက် | 
                        2018-09-18 16:19:52 |