| အကြောင်းအရာ  | ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၁) သည် တင်ပို့နိုင်ငံအနေဖြင့် ပို့ကုန်ထောက်ခံချက်လက်မှတ် တင်ပြရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပသို့တင်ပို့မည့် တိရစ္ဆာန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများနှင့်တိရစ္ဆာန်အစာတို့နှင့်စပ်လျဉ်း၍ ကျန်းမာရေးထောက်ခံချက်လက်မှတ် သို့မဟုတ် SPS ထောက်ခံချက်လက်မှတ်ရယူလိုသူသည် သတ်မှတ်ထားသောပုံစံနှင့်အညီ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန် ဖြစ်ပါသည်။ | 
                    
                    
                        | မှတ်ချက်များ  | အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၀၅ ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ပါသည်။ | 
                    
                    
                        | အဖွဲ့အစည်း  | မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန | 
                    
                    
                        | ပို့ကုန်/သွင်းကုန်  | ပို့ကုန် | 
                    
                    
                        | မှ အတည်ဖြစ်သည်  | 2005-04-07  | 
                    
                    
                        | ထိ အတည်ဖြစ်သည်  |  သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ | 
                    
                    
                        | ရည်ညွှန်းချက်  | တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ၊ ပုဒ်မ ၃၃ (ခ) | 
                    
                    
                        | နည်းပညာကုဒ်  | P183 | 
                    
                    
                        | ယူအမ်ကုဒ်  | 
                        
                                                P183 - Certification required by the exporting country
                                                 | 
                    
                    
                        | စည်းမျဉ်းအမျိုးအစား  | ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ | 
                    
                    
                        | ပြင်ဆင်သည့်ရက် | 
                        2018-09-18 16:05:24 |