| အကြောင်းအရာ | ဤစီမံဆောင်ရွက်မှု (အခန်း ၂၊ ပုဒ်မ ၄ (က)) သည် တင်ပို့နိုင်ငံမှ ကုန်စည်မတင်ပို့မှု စစ်ဆေးရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာတင်ပို့သူသည် အဆိုပါကုန်စည်များ ထုတ်လုပ်သောနေရာနှင့် သိုလှောင်ထားရှိသော နေရာတို့သို့ ဦးစီးဌာနတာဝန်ရှိဝန်ထမ်းက ဝင်ရောက်ကြည့်ရှု့စစ်ဆေးခြင်းကို ခံယူရမည်။ ဦးစီးဌာနတာဝန်ရှိလိုအပ်သော စစ်ဆေးစမ်းသပ်မှုများပြုလုပ်ရန် နမူနာပစ္စည်းများရယူခြင်းကို အခမဲ့ပေးအပ်ရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ | 
                    
                        | မှတ်ချက်များ | အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၀၅ ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ပါသည်။ | 
                    
                        | အဖွဲ့အစည်း | မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန | 
                    
                        | ပို့ကုန်/သွင်းကုန် | ပို့ကုန် | 
                    
                        | မှ အတည်ဖြစ်သည် | 2005-04-07 | 
                    
                        | ထိ အတည်ဖြစ်သည် | သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ | 
                    
                        | ရည်ညွှန်းချက် | တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ၊ ပုဒ်မ ၃၃ (ခ) | 
                    
                        | နည်းပညာကုဒ် | P181 | 
                    
                        | ယူအမ်ကုဒ် | P181 - Testing requirement | 
                    
                        | စည်းမျဉ်းအမျိုးအစား | ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ | 
                    
                        | ပြင်ဆင်သည့်ရက် | 2018-09-18 13:38:13 |