အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၂၃) ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန် ရငွေပမာဏ၏ ၅၀% အစား ၃၅% ကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ် ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်သည့် အမိန့်ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀% အစား ၃၅%ကိုသာ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်ခြင်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၂၃) ဖြင့် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2023-12-06
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့
တာဝန်ယူသည့် အဖွဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ပြင်ဆင်သည့်ရက် 2023-12-20 04:48:49

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ