ကမ်းရိုးတန်းသွားနှင့်မြစ်တွင်းသွား သင်္ဘောများဆိုက်ကပ်အသုံးပြုနိုင်ရေး အတွက် ယာယီပြည်တွင်းဆိပ်ကမ်းတံတားအဖြစ်သတ်မှတ်သည့် အမိန့်ကြော်ငြာစာ အမှတ် (၅/၂၀၂၃) ထုတ်ပြန်ခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၁ အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်၊ ကမ်းနားလမ်းရှိ စစ်တွေကုလားတန်ဆိပ်ခံတံတားအား ကမ်းရိုးတန်းသွားနှင့်မြစ်တွင်းသွား သင်္ဘောများဆိုက်ကပ်အသုံးပြုရန် ယာယီပြည်တွင်းဆိပ်ကမ်းတံတားအဖြစ် သတ်မှတ်သည့်အမိန့်အား အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၃) ဖြင့် ထုတ်ပြန်လိုက်သည်။

 

ထုတ်ပြန်သည့်ရက် 2023-11-17
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ အကောက်ခွန်ဦးစီးဌာန
ပြင်ဆင်သည့်ရက် 2023-12-01 08:24:21

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ