မူဆယ်ကုန်သွယ်ရေးဇုန်မှ ဆီးသီးခြောက် တန် ၁၀ဝ၀ ကျော်ပိုမိုတင်ပို့
                                                    
                မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ မေ ၂၈ ရက်မှ ဇွန် ၃ ရက်အထိ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၈၈ သန်း တန်ဖိုးရှိ ဆီးသီး ခြောက် ၁၁၃၀ တန် ကျော်နဲ့ ဆီးဆန် ၁၇ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်း ပတ်က ဆီးသီးခြောက် တင်ပို့နိုင်ခြင်း မရှိသည့် အတွက် ယခု သီတင်းပတ်မှာတော့ ဆီးသီးခြောက် တန် ၁၀ဝ၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ်က မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဆီးဆန် ၄၇ တန်သာတင်ပို့ခဲ့တာမို့ ယခုသီတင်းပတ် မှာတော့ ဆီးဆန် ၂၉ တန်ကျော် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မြန်မာ-ဘင်္ဂ လားဒေ့ရှ် နယ်စပ်ရှိ စစ်တွေ ကုန်သွယ်ရေးစခန်းကတော့ ယခုသီတင်းပတ်မှာ ကန်ဒေါ် လာ သုည ဒသမ ဝ၀၄ သန်းတန်ဖိုးရှိ ဆီး သီး ခြောက်၁၂တန်နဲ့ ဆီးဖတ် ၁၉ တန် တင် ပို့ခဲ့ပါတယ်။ စစ်တွေ ကုန်သွယ်ရေးစခန်းမှ ယခင်သီတင်းပတ်က ဆီး သီးခြောက် ၂၃ တန် တင်ပို့ခဲ့ တာမို့ ယခုသီတင်းပတ်မှာတော့ ဆီးသီးခြောက် ၁၁ တန် လျော့နည်းတင် ပို့ခဲ့ပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General