ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ(DEDC) အား ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့ကျင်းပခဲ့

ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၃) ကို  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

အစည်းအဝေးသို့ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ နာယက ဖြစ်သော ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ဥက္ကဌ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီ (၅) ခုမှ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ DEDC Task Force မှ တာဝန်ရှိ သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ နာယက၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံအသီးသီးဟာ Digital Transformation လို့ခေါ်တဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းတဲ့ လုပ်ငန်းစဉ်တွေကို ဦးစားပေး ပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြကြောင်း၊ ဒီဂျစ်တယ်နည်းပညာကို အကျိုးရှိရှိ အသုံးပြုပြီးအုပ်ချုပ်ရေး၊ အခြေခံအဆောက်အဦနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ လူမှုရေးအစ ရှိတဲ့ နယ်ပယ်အသီးသီးမှာ ဒီဂျစ်တယ်အသွင်ကို ဟန်ချက်ညီညီ ကူးပြောင်းဆောင်ရွက်ကြ ခြင်းအားဖြင့် နိုင်ငံရဲ့ Digital Economy  ဖွံ့ဖြိုးတိုးတက်လာပြီး The Global Value Chain လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်ကို ချိတ်ဆက်လာနိုင်မှာဖြစ်ပါကြောင်း၊ ဒီဂျစ် တယ် စီးပွားရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိက ဟန်ချက် ညီညီ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှာ မိုဘိုင်းစနစ်သုံး မြန်နှုန်း မြင့် အင်တာနက်အနေနဲ့ နိုင်ငံ့လူဦးရေ၏ ၉၀% ကိုလွှမ်းခြုံနိုင်ပြီဖြစ်ပေမယ့် Fixed Broad band မှာတော့ သုံးစွဲသူ ၁.၆ သန်းခန့်သာရှိနေသေးသည့်အတွက် မြန်နှုန်းမြင့်ဖိုင်ဘာ အင်တာနက်ကို မြို့ကြီးတွေသာမက ကျေးလက်ဒေသအထိပါ လက်လှမ်းမှီ အသုံးပြုသွား နိုင်အောင် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြည်သူတွေလိုအပ်တဲ့ ကျွမ်း ကျင်မှုနှင့် နည်းပညာအသစ်များရရှိစေရန်နှင့် အင်တာနက်ကို လူမှုကွန်ရက်နှင့် ဖျော်ဖြေ ရေးအဆင့်များ ထက်ကျော်လွန်ပြီး စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွေမှာ အကျိုးရှိစွာ သုံးစွဲနိုင်ရန် အရေးကြီးပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာများရဲ့ အသုံးဝင်မှုနဲ့ အရေးကြီးမှုများဟာ ကိုဗစ်-၁၉ နဲ့ ကိုဗစ်-၁၉ အလွန်ကာလတွေမှာ ပိုမိုသိသာထင်ရှားလာ တာကို အားလုံး မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် (Human Capital) များကို ပြုစုပျိုးထောင်ပေးဖို့ အလွန်အရေးကြီးပြီး နည်းပညာဆိုင်ရာ တက္ကသိုလ်၊ ကျောင်းများတွင် တက်ရောက်နေကြသည့် ကျောင်းသားကျောင်းသူ လူငယ် တွေကို ၎င်းတို့တတ်ကျွမ်းတဲ့နည်းပညာနဲ့ အမိနိုင်ငံတော်ရဲ့ Digital Transformation လုပ်ငန်း တွေမှာ တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီနိုင်ရေး စည်းရုံးဆွဲဆောင်ဖို့လည်း လိုအပ်ပါကြောင်း၊ MSME လုပ်ငန်းတွေအနေဖြင့် အင်တာနက်ကို အကျိုးရှိရှိ အသုံးပြု ပြီး မိမိတို့၏ ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေကို ဝက်ဘ်ဆိုဒ်များမှတစ်ဆင့် ကြော်ငြာမှုပြု လုပ်၍ ဈေးကွက်ရှာဖွေခြင်း၊ ငွေပေးချေမှုတွင်လည်း လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေး မယ်ဆိုရင်  စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာမှာဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးတိုးတက် လာစေမှာဖြစ်ပါကြောင်း၊ e-Government အား ကျော်လွန်သွားပြီးနောက် Digital Government ကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ Digital Economy ၏ အဓိကကျတဲ့ မဏ္ဍိုင်တစ်ခုဖြစ်တဲ့ Digital Trade နှင့် e-Commerce ကိုအောင်မြင်စွာ အကောင်အထည်ဖော်သွားနိုင်ဖို့နဲ့ မလိုလားအပ်တဲ့ဖြစ်ရပ်များကို တားဆီးနိုင်ဖို့အတွက်   ဥပဒေ၊ စည်းမျည်းတွေနဲ့ ထိန်းကျောင်းဖို့ လိုအပ်ပါကြောင်း၊ ဒါကြောင့် e-Commerce Law ကိုပြဌာန်းသွားနိုင်ဖို့အတွက် e-Commerce Law ရေးဆွဲရေးကော်မတီကို ၂၀၁၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး ပထမမူကြမ်းကိုရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက် (၁၂) ချက်နှင့်အညီနိုင်ငံတကာနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင် ရွက်နေသည့် ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါင်းစည်းရေးလုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိအောင် ရေးဆွဲပြီးဖြစ်တဲ့ Roadmap ကို ဖြည့်စွက်မွမ်းမံရန် လိုအပ်မှာဖြစ်ပါ ကြောင်း၊ ယနေ့အစည်းအဝေးသည် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီကို စတုတ္ထ အကြိမ်မြောက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးသည့်နောက် ပထမဆုံးအကြိမ်ကျင်းပသော အစည်းအဝေးဖြစ်တာနဲ့အညီ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနဲ့ ကော်မတီရဲ့ လုပ်ငန်းရပ်များ ပိုမိုထိရောက် အောင်မြင်စွာ အကောင် အထည်ဖော်နိုင်စေရေး အခြားအကြံပြုလိုသည်များကိုလည်း ပွင့်လင်းစွာ ဆွေးနွေးတင်ပြ ပေးစေလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က DEDC ကော်မတီ၊ ဆပ်ကော်မတီများ၏ လုပ်ငန်းတာဝန်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် (၁၂) ရပ်ပါ စီးပွားရေး ဦးတည်ချက် (၄)ရပ်နှင့်အညီ ဖြစ်စေရေး လိုအပ်သလိုပြင်ဆင်ဖြည့်စွက်သွားရန်၊ ဆပ်ကော်မတီအဖွဲ့ဝင်များကို လုပ်ငန်းလိုအပ်ချက် ပေါ်မူတည်၍ ပြင်ဆင်ဖြည့်စွက်ရန်၊ မြန်မာဒီဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံ (Myanmar Digital Economy Roadmap) အား ခေတ်ကာလနှင့်အညီ ဖြစ်စေရေး၊ Action Plan များ/ Action Matrix များကို  လက်တွေ့တွင် အမှန်တကယ်ထိရောက်စွာ အကောင်အထည် ဖော် နိုင်မည့် လုပ်ငန်းစဉ်များအဖြစ် ပြန်လည်ပြင်ဆင်ရေးဆွဲရန်နှင့် ၎င်းလုပ်ငန်းများ ထိရောက် စွာအကောင်အထည်ဖော်ရေး DEDC Task Force ဖွဲ့စည်းနိုင်ရေးကိစ္စတို့ကိုမှာကြား ဆွေး နွေးခဲ့ပါသည်။

ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ လက်အောက်ရှိ ဆပ်ကော်မတီ (၅) ခုတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက်  ယခင်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ‌ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊  လက်ရှိအကောင်အထည်ဖော်ဆောင်ရွက် နေသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြခဲ့ကြပါ သည်။

ဆွေးနွေးမှုများအပေါ် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးတင်ပြ၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ချမှတ်ခဲ့ကြပါသည်။ ထို့နောက် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ နာယက၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တက်ရောက်လာကြတဲ့ ဝန်ကြီး ဌာနများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်ပြီး သတင်းအချက်အလက်တွေဖလှယ်ကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊  သတင်းအချက်အလက် တွေ ချိတ်ဆက်/ ဖလှယ်အသုံးပြုဖို့အတွက် Standard Format စံသတ်မှတ်ချက်တွေ (Standardization) ကိုလည်းထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ပါကြောင်းနှင့် ဆိုက်ဘာ လုံခြုံရေးသတိမြှင့်တင် ပညာပေးဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ပြောကြားပြီး အစည်း အဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ 

Agency Department of Trade
Category General