မြန်မာနိုင်ငံ၊ စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံ၊ လင်ချမ်း မြို့တော်ဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင် ရေးအတွက် အစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ်၊ မတ်လ  ၂၁ ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် တရုတ်နိုင်ငံ၊ လင်ချမ်းမြို့၊ မြို့တော်ဝန် Mr. Du Jianhui တို့ ဦးဆောင်၍ စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ရုံးအမှတ် (၃) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးအား မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး၊ (၄) ကြိမ်မြောက် မြန်မာ (နေပြည်တော်) - တရုတ်(လင်ချမ်း) နယ်စပ် စီးပွားကုန်စည်ပြပွဲ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်ရေးထိုးနိုင်ရေးအတွက် နှစ်ဦးနှစ်ဘက်မှ တွန်းအားပေးဆောင်ရွက် သွားရေး၊ မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်ဂိတ်မှ ဖြတ်ကျော်သည့် တတိယနိုင်ငံ၏ ကုန်ပစ္စည်း ကုန်သွယ်မှုများ အဆင်ပြေချောမွေ့ စေရေး၊ နယ်စပ်ဂိတ်ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေးကိစ္စရပ်များအပြင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၆:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်တာဝန်ခံများနှင့် တရုတ် နိုင်ငံဘက်မှ ကိုယ်စားလှယ် (၈) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Agency Ministry of Commerce
Category General