မူဆယ်မှ နနွင်းတက် ပုံမှန်တင်ပို့
                                                    
                
	ဇွန် ၁၈ ရက်မှ ၂၄ ရက်တာ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၅၇၉၆၇ တန်ဖိုးရှိတဲ့ နနွင်းတက် (ရှမ်းစ) ၇၄ တန်ခွဲ တင်ပို့ခဲ့ပါတယ်။
	ယခင်တစ်ပတ်ကလည်း ၇၁ တန်ခွဲ တင်ပို့ခဲ့တာ ကြောင့် မူဆယ်ကနေ တရုတ်ပြည်ကို နနွင်းတက်တွေ ပုံမှန်တင်ပို့နေ တယ်လို့ ဆိုရ ပါမယ်။ မူဆယ်ကုန်စည်ဒိုင်မှာ နနွင်းတက်တစ်တန်ကို မိမိဘက်ပေါက်
	 ဈေး(ငွေလဲ နှုန်းအရ)ဇွန် ၁၇ ရက်က ၉၁၇၁၉၀ ကျပ် ရှိခဲ့ပြီး  ဇွန် ၂၄ ရက်မှာတော့ ၉၁၉၅၆၀ ကျပ်သို့ ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါတယ်။
	နနွင်းအစစ်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်  လည်းကောင်း၊ ဆေးဖော် စပ်ရာတွင်လည်း သုံးစွဲမှုရှိတာကြောင့် နနွင်းဥ စိုက်ပျိုးသူများပြားလာကြောင်း၊ ယခု ခေတ်မှာ နနွင်းတွေကို ဆန်မှုန့်၊ ဖွဲမှုန့်တွေနဲ့
	ရောပြီး ရောင်းလာကြတဲ့အတွက် နနွင်း မှုန့်အစစ်သုံးစွဲချင်သူတွေက ကိုယ့်ဒေသထွက် နနွင်းမှုန့်ကို အဓိကဝယ်ယူ စားသုံး ကြကြောင်း၊ ဒါ့ကြောင့် ဈေးကွက်လည်း ကျယ်ပြန့်လာတယ်လို့ စစ်ကိုင်းတိုင်း
	ဒေသ ကြီးမှ နနွင်းဥ စိုက်ပျိုးရောင်းချသူတစ်ဦးထံမှ သိရပါတယ်။      
	 
                        Agency Ministry of Foreign Affairs
                        
                        Category General