ယင်းမာပင်မြို့နယ် အိုဘိုကျေးရွာတွင် လက်ယက္ကန်းရက်လုပ်သူများအဆင်ပြေ
                                                    
                
	ယင်းမာပင်မြို့နယ်၊ အိုးဘိုကျေးရွာမှာ  လက်ယက်ကန်းရက်လုပ်သူများ ဝင်ငွေကောင်း၍ အဆင်ပြေလျက်ရှိကြောင်း သိရပါတယ်။ အိုးဘိုကျေးရွာဟာ ယင်းမာပင်မြို့ရဲ့ မြောက်ဘက်ခြောက်မိုင်ခန့်အကွာမှာ
	 တည်ရှိပါတယ်။ အဲဒီ ကျေးရွာမှာ ယက်ကန်းစင် ၁၅ စင်ခန့်ရှိပြီး တစ်ရက်လျှင်တစ်စင်ကို ပြောင်(ရိုးရိုး) ဆိုရင်ငါးကွင်း၊ ရေပန်းဒီဇိုင်းများ (အပွင့်ကောက်ပိုးဖောက်) ရေးဆွဲတယ်ဆိုရင် နှစ်ကွင်း ခန့်ပြီးစီးတယ်
	လို့ သိရပါတယ်။ ကုန်ကြမ်းအနေနဲ့ မုံရွာမြို့သာစည်ဈေးမှရပြီး ကုန်ချောကိုလည်း သူတို့ဆီမှာ ပြန်သွင်းရပါတယ်။ ပိုးချည်တစ်ပိဿာ ကျပ် ၉၅၀ဝ နှုန်း၊ ရိုးရိုးချည်တစ်ထုပ်ကျပ် ၂၄၀ဝ၀ နှင့်ဖောက်ချည်
	တစ်ထုပ် ကျပ် ၂၄၀ဝ၀ ပေးဝယ်ရပါတယ်။ ပြောင်(ရိုးရိုး) ရက်လုပ်ရင် ရိုးရိုးချည်တစ်ထုပ်နဲ့ အဖောက် ချည်တစ်ထုပ် ဆိုပါက အထည်ရေ ၁၅/၂၀ ထည်ရရှိပြီး၊ ပိုးချည်ကိုတော့ ရက်လုပ်တဲ့ဒီဇိုင်းပေါ်
	မူတည်ပြီး သုံးစွဲရပါတယ်။ ပြောင်(ရိုးရိုး) တစ်ကွင်းဈေးနှုန်း ကျပ် ၄၅၀ဝ၊ ကျပ် ၅၀ဝ၀ ဈေးနှုန်းနဲ့ ပြန်လည်ပေးသွင်းရပါတယ်။ တစ်ရက်ပျမ်းမျှအနေနဲ့ အရင်းအနှီးနုတ်ပြီး လုပ်အားခ  ကျပ် ၄၀ဝ၀ မှ ကျပ်
	၅၀ဝ၀ ခန့်ရရှိပါတယ်။ တစ်ရွာလုံးဆိုရင် တစ်ရက်မှာ  အထည်ရေ ၆၀^၇၀ ရက်လုပ်ပေးနိုင်ပါတယ်လို့ အဆိုပါ ကျေးရွာ မှ ဒေါ်စုမော်ကပြောကြားပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General