နနွင်းတန်ချိန် ၄၀ဝ ကျော်တင်ပို့
                                                    
                
	ဇွန် ၁၉ ရက်မှ ၂၅ ရက်သိီတင်းပတ်အတွင်း နနွင်း၄၃၈ ဒသမ ၇၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် ဘင်္ဂလားဒေရှ့် သို့ ၁၁၂ တန်၊ ဘယ်လ်ဂျီယံသို့ ၁၆၈ တန်၊
	 အိန္ဒိယသို့ တန်ချိန် ၅၀၊ မလေးရှားသို့ ၆၈ ဒသမ၇၅ တန်နဲ့ စင်ကာပူသို့ တန်ချိန် ၄၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ် ဘယ်လ်ဂျီယံကို အများဆုံးတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း
	ပတ် နနွင်းတင်ပို့တန်ချိန်မှာ တန်၉၀ ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင်တန်ချိန် ၃၄၀ ကျော်တင်ပို့မှုပိုခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန် ဒေါ်လာ ၃၄၀၉၆၀ ဝင်ငွေရရှိခဲ့တယ်လို့
	သိရပါတယ်။           
	      သီတာဝင်း(DOT)
                        Agency Ministry of Foreign Affairs
                        
                        Category General