အောင်ပန်းဈေးကွက်သို့ ချင်းဥမတွေ နည်းနည်းစီဝင်ရောက်
                                                    
                
	အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ) တွေစဖော်ပြီး ဈေးကွက်သို့ နည်းနည်း ချင်းဝင်ရောက်လျက်ရှိတယ်လို့ သိရှိရပါတယ်။  ယခင်နှစ်တွေက ချင်းဥမဖော်ရင် ချင်းဟောင်းတွေက ဈေးကွက်မှာ  မရှိတော့ပါဘူး။
	 ဒီနှစ်မှာတော့ အရောင်းအဝယ်က အေးတာကြောင့် ချင်းဥမ(အသစ်) တွေဝင်နေပေမယ့် ချင်းဟောင်းကလည်း ပစ္စည်း မပြတ်သေးဘူးလို့ သိရှိရပါတယ်။ ဒီနှစ်မှာတော့ Export  ကလည်းမရှိတာကြောင
	့် မနှစ်ကနဲ့နှိုင်းယှဉ်ရင် ဒီနှစ်မှာတော့ အရောင်းအဝယ် အတော်လေးပါးတယ်လို့လည်း သိရှိရပါတယ်။ တစ်ပတ်ကို ပိဿာချိန်တစ်သောင်းခွဲ၊ နှစ်သောင်းခန့် နည်းနည်းချင်း ရောင်းနေရပြီး မကွေး၊ ပြည်၊
	မန္တလေး ဘက်ကဆွဲတယ်လို့ သိရှိရပါတယ်။ ချင်း ပေါက်ဈေးကတော့ တစ်ပိဿာချင်း(ဥမ)  ၃၂၅ ကျပ်၊ ချင်းခက်တွေကတော့ အကြီး၊ အသေးပေါ်မူတည်ပြီး ကျပ် ၄၀ဝ မှ ကျပ် ၅၅၀ ဈေးရှိတယ်လို့ သိရှိရ
	ပါတယ်။ ဟိုပုံးဈေးကွက်မှာတော့  ချင်းကအောင်ပန်းတက်ချင်းဥမပေါ်ချိန် နောက်ကျတာ ကြောင့် အရောင်းအဝယ်မရှိသေးဘဲ ဈေးလည်းပျောက်နေတယ်လို့ သိရှိရပါတယ်။
	 စောယုထွေး(တောင်ကြီး)
                        Agency Ministry of Foreign Affairs
                        
                        Category General