ပြည်ဈေးကွက်မှာ ကြက်သွန်နီ အဝင်နည်းပေမယ့် ဈေးငြိမ်လျက်ရှိ
                                                    
                
	ပြည်ကြက်သွန်နီဈေးကွက်တွင် ရေနံချောင်း၊ ဆိပ်ဖြူ၊ တောင်တွင်း၊ အောင်လံမြို့နယ်များမှ ဆောင်းစိုက်ကြက် သွန်နီများ ဝင်ရောက်မှု နည်းပေမယ့် အရောင်းအဝယ်မှာ ပုံမှန်ဖြစ်နေကြောင်း သိရပါ
	တယ်။ပွဲရုံများသို့ တစ်ပတ်အတွင်း ပိဿာ ၃၀ ဝင်အိတ် ၁၅၀ဝ ခန့် အဝင်ရှိပြီး ဈေး နှုန်းမှာလည်း တစ်ပိဿာကို (ကြီး) ကျပ်၆၀ဝ၊ (လတ်) ကျပ် ၅၈၀၊ (သေး) ကျပ် ၅၀ဝ နှင့် လက်လီဈေးအသေးများတွင် (ရှယ်
	သန့်) ကျပ် ၈၀ဝ၊ (ကြီး) ကျပ် ၇၅၀၊ (လတ်) ကျပ် ၇၀ဝ၊ (သေး) ကျပ် ၆၀ဝ တို့နှင့် ဈေးငြိမ်နေတာ တွေ့ရပါတယ်။ အရောင်းအဝယ်မှာ ဒေသတွင်း ပုံမှန်ဝယ်လက်များဖြင့် နေ့စဉ်အိတ် ၂၅၀ ခန့် ပုံမှန်
	ရာင်းဝယ်မှုရှိနေပါတယ်။ ပြည်ဒေသလက်ကျန်အနေနဲ့ မြန်မာပြည်(အောက်ပိုင်း) စွတ်စိုရာသီများတွင် သိုလှောင်လျှင် အထားမခံသည့်အတွက် ကြက်သွန်နီထွက်ရှိရာ မန္တလေးတိုင်း၊ မကွေးတိုင်းများ၌
	 ကြက်သွန်နီ အများအပြား သိုလှောင်ထားရှိကြပြီး အရောင်းအဝယ်သွက်မှသာ ပိုမိုမှာယူတင်သွင်းကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General