ရှမ်းနနွင်း အရောင်းအဝယ်ကောင်းနေဆဲ
                                                    
                
	
	ရှမ်းနနွင်းကတော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ နနွင်းတွေထဲမှာ အရည်အသွေးကောင်းတဲ့ ဆင်တောင်နနွင်းက ဒီနှစ်မှာပိုပြီး အရောင်းသွက်နေပါ တယ်။ ရမည်းသင်းဝယ်လက်တွေက ဆင်တောင်နနွင်းကို ထွက်တဲ့ဒေသမှာ အထိုင်ချပြီး ဝယ်ယူနေပါတယ်။ ခြံထဲကဖော်ပြီးတာနဲ့ အစိုအတိုင်းချက်ချင်း ဝယ်ယူသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ပိဿာချိန် ငါးသောင်းခန့် ဝယ်ယူသွား
	တယ်လို့ လည်း ဈေးကွက်မှ သိရှိရပါတယ်။ အစိုအတိုင်း အရောင်းအဝယ်ဖြစ်တာကြောင့် ပြုတ်ခြောက်အဖြစ်ပြုလုပ်လို့ မရတော့ဘဲ
	 ဈေးကွက်မှာလည်း ဆင်တောင်နနွင်းက အဝင်မရှိသလောက်ဖြစ်နေပါတယ်။ ရိုးရိုးစတွေဖြစ်တဲ့ တောင်ပို့လစတွေကိုလည်း ဈေးပတ်
	သမားတွေနဲ့ ဒေသတွင်းက ဝယ်ယူကြလို့ တစ်ပတ်အတွင်း ပိဿာချိန် လေးသောင်းခွဲ၊ ငါးသောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့လည်း
	သိရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ နနွင်း(ရိုးရိုး) က တစ်ပိဿာ ကျပ် ၁၄၀ဝ မှ ကျပ် ၁၅၀ဝ ရှိပြီး၊ ဆင်တောင်နနွင်းကတော့
	 ကျပ် ၂၄၀ဝ မှ ကျပ် ၂၅၀ဝ ဈေးရှိတယ် လို့ အောင်ပန်းဈေးကွက်မှ သိရှိရပါတယ်။
	Page » 1      Add next page
	 
                        Agency Ministry of Foreign Affairs
                        
                        Category General