ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်ငွေစာရင်းကို ဆိုင်ဘာတိုက်ခိုက်ခံရပြီးနောက် အမေရိကန်ပြည်ထောင်စုကြီးကြပ်ရေးအဖွဲ့နဲ့ အက်ဖ်ဘီအိုင်က ဘဏ်များကိုသတိပေး
                                                    
                
	နယူးယောက်ရှိ အမေရိကန်ဗဟို ဘဏ်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် ငွေစာရင်းကို ဟက်ကာတွေက တိုက်ခိုက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၁ သန်း ခိုးယူခြင်းခံခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက်ခံရပြီးနောက်ပိုင်း လအနည်း ငယ်အကြာမှာ ကမ္ဘာ့ငွေပေးချေမှု ကွန်ရက်အတွင်းရှိ ငွေလွှဲများလိမ် လည်ခံရတာနဲ့ တခြားခြိမ်းခြောက်မှုခံရတာတွေကို ကာကွယ်ဖို့ ဆောင် ရွက်ထားတဲ့ ဆိုင်ဘာလုံခြုံရေးစနစ်တွေကို ပြန်လည် သုံးသပ်ဖို့ အမေရိ ကန်ကြီး ကြပ်သူတွေက ဘဏ်တွေကို နှိုးဆော်ခဲ့ကြောင်း ရိုက်တာသ တင်းမှာ ဖော်ပြပါတယ်။
	ဆိုင်ဘာတိုက်ခိုက်မှုဖြစ်လာမယ့် အလားအလာတွေကို စောင့်ကြည့်ဖို့နဲ့ အလားတူ အုပ်စုတွေက ဘဏ်တွေကို ပစ်မှတ်ထား ဆောင်ရွက်လာမယ့် သဲလွန်စတွေကို ဖော်ထုတ်ဖို့ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆးရေး ဗျူ ရို (အက်ဖ် ဘီအိုင်) ကဘဏ်တွေ ကို လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေ က တိုက်တွန်းခဲ့ပါတယ်။ အက်ဖ်ဘီအိုင်ရဲ့ တိုက်တွန်းချက်ထွက်ပေါ်ပြီး ရက်သတ္တ ပတ်နှစ်ပတ် အကြာမှာ ကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့ရဲ့ နှိုးဆော်ချက်ထွက်ပေါ် ခဲ့တာ ဖြစ်ပါတယ်။
	Society For Worldwide International Financial Telecommunica tions- SWIFT ငွေကြေး လွှဲ ပြောင်းမှုကွန်ရက်က အပြည်ပြည်ဆိုင်ရာ ငွေကြေးကဏ္ဍရဲ့ကျောရိုးသဖွယ် ဖြစ်နေတဲ့ ကွန်ရက်တစ် ခု ဖြစ်ပါတယ်။ ထွန်းသစ်စ နိုင်ငံတွေမှာရှိတဲ့ ဘဏ် တွေကို တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်တွေ ကြောင့် SWIFT ကွန်ရက်ကို အသုံးပြု ပြီး ဆောင်ရွက်နေရတဲ့ အမေရိ ကန် စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်လာမှာကို အမေရိကန်အစိုးရ တာဝန်ရှိ သေူ တွက စိုးရိမ်မကင်း ဖြစ်နေကြောင်း သတိပေးချက်က ထုတ်ဖော်ပြသလျက် ရှိပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General