စပါးရိတ်သိမ်းခြွေလှေ့စက် Combine Harvester များ ပြောင်းလဲသုံးစွဲလာ၍ ရိုးရိုးခြွေလှေ့စက်လုပ်ငန်းရှင်များ အရောင်းအဝယ်ပါး
                                                    
                
	ကသာခရိုင်က ဆန်စပါးစိုက်ပျိုးမှုများတဲ့ ဒေသဖြစ်တဲ့အတွက် ဒီလုပ်ငန်းကိုအမှီပြုကာ စပါးခြွေလှေ့စက် ထုတ်လုပ်တဲ့ ဒေသတွင်းစက်မှုလုပ်ငန်းများ တည်
	ထောင်ခဲ့ကြပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိခဲ့ကြပါတယ်။ ကသာခရိုင်အတွင်းမှာ စပါးခြွေလှေ့စက်၊စက်ရုံ ၁၆ရုံရှိပြီး စပါးခြွေလှေ့
	စက် ၁၈၁၇ လုံးရှိတယ်လို့ စီမံကိန်းစာရင်းများအရသိရပါ တယ်။ ယခုစက်မှုလယ်ယာပြောင်းလဲမှု နဲ့ စပါးခြွေလှေ့စက်ထက်ပိုမိုအဆင် ပြေတဲ့ရိတ်သိမ်း
	ခြွေလှေ့စက် Combine Harvester ပြောင်းလဲသုံးစွဲလာတဲ့အတွက် ရိုးရိုးခြွေလှေ့စက် လုပ်ငန်းရှင်များ အရောင်းအဝယ်ပါး တယ်လို့ ခြွေလှေ့စက်လုပ်ငန်း
	ရှင်များထံမှ သိရ ပါတယ်။စပါးခြွေလှေ့စက်လုပ်ငန်းကို ၂၀၁၀ ခုနှစ်ကစတင်တည်ထောင်လုပ်ကိုင်ခဲ့ပါတယ်။ စက်ပါဝါအလိုက် အရစ်ကျ၊လက်ငင်းငွေချေ၊ ကြိုတင်မှာဝယ်စနစ်များနဲ့ ထုတ်လုပ်ရောင်းချခဲ့ပါ တယ်။ ယခင်နှစ်ကဒီအချိန်မှာ ရှစ်လုံး ရောင်းရပေမယ့် ဒီနှစ်ယခုအချိန်ထိသုံးလုံးသာ ရောင်းရပါတယ်။ ကသာခရိုင်အတွင်း မှာ ခြွေလှေ့စက်အရောင်းအဝယ်ပါး သွားပါပြီ။ မိုးညှင်းနဲ့ ဗန်းမော်မှာသာ ဝယ်လက်အနည်းငယ်ရှိပါတယ်။ တောင်သူအများစုက
	ရိတ်ခြွေအိတ်ထဲ ရောက်တဲ့ Combine Harvester စက်ကြီးများကို အားထားအသုံးပြုနေကြပြီ ဖြစ်ပါတယ်။အင်းတော်မြို့နယ်အတွင်းမှာCombine
	Harvester စက်လတ် သုံးလုံးရှိနေတယ်"လို့ ဝင်းခြွေလှေ့စက် လုပ်ငန်းရှင် ဦးဝင်းမောင်ကဆိုပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General