မလေးနဲ့ စင်ကာပူသို့ နနွင်းတန်ချိန် ၇၀ ကျော်တင်ပို့
                                                    
                
	မေ ၂၉ရက်မှ ဇွန် ၂ ရက်သိီတင်းပတ်အတွင်း နနွင်း ၃၅၇ ဒသမ ၉၉၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့
	ပါတယ်။ ဒီတစ်ပတ်မှာ ဘင်္ဂလား ဒေ့ရှ်သို့ ၅၆ တန်၊ အိန္ဒိယသို့ ၅၆ တန်၊ မလေးရှားသို့ ၁၆၅ တန်နဲ့ စင်ကာပူသို့ ၈၀ ဒသမ ၉၉၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ် နနွင်းတင်ပို့မှုမှာ ၇ တန်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့
	ယှဉ်ရင် တန်ချိန် ၃၅၀ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂၇၁၃၈၆ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီလမှာ နနွင်းတန်ချိန် ၁၁၇၀ ကျော်တင်ပို့နိုင်ခဲ့ပြီး မေလမှာ တန်ချိန် ၆၅၀ ကျော်
	တင်ပို့နိုင်ခဲ့တာ ကြောင့် မေလမှာ နနွင်းတန်ချိန် ၅၂၀ တင်ပို့မှုလျော့ခဲ့တယ်လို့ သိရပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General