ရှမ်းပြည်နယ် တောင်ကြီးမြို့ မှာစားသောက်ကုန်၊ လူသုံးကုန်နဲ့အလှကုန်များ ဓာတ်ခွဲစမ်းသပ်နိုင်ပြီ
                                                    
                ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စားသောက်ကုန်၊ လူ သုံးကုန်နှင့် အလှကုန်စ္စည်းများ ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင် ပြီဖြစ်ကြောင်း အသေးစား စက်မှု လက်မှုလုပ်ငန်း ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါ တယ်။ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သုတေသန နှင့် ဖွံ့ဖြိုးရေးဌာနခွဲ တွင် လုပ်ငန်းမှတ်ပုံတင်ရာ၌ မဖြစ်မနေ စမ်းသပ်ဆောင်ရွက် ပေးလျက်ရှိသော ကုန် ပစ္စည်များမှာ- ဖျော်ရည်၊ ယိုစုံ၊ ဂျယ် လီ၊ စားဆီနဲ့ ဆီထွက် စားသောက်ကုန်များ၊ (အာလူးကြော်၊ အသားခြောက်ကြော်)၊ လက်ဖက်၊ ငါးပိ၊ နို့နဲ့နို့ထွက်ပစ္စည်းများ၊ ရေ သန့်၊ အလှကုန်နဲ့ လူသုံးကုန် များ ဖြစ်ကြောင်းသိရပါတယ်။ စမ်းသပ်စစ်ဆေးရာမှာ ဓာတုဗေဒပစ္စည်းနဲ့ ဓာတ်ခွဲခန်းအ တွက် ကုန်ကျစရိတ်ကို ပေးသွင်းရမှာဖြစ်ပြီး စစ်ဆေးသည့် ကုန်ပစ္စည်းအလိုက် အနည်းဆုံး ၂၅၀ဝ၀(ကျပ်နှစ် သောင်းငါးထောင်) မှ အများဆုံး၄၅၀ဝ၀(ကျပ်လေးသောင်း ငါးထောင်)ခန့် ဖြစ်ပြီး ပညာရှင်ကြေးနဲ့ စမ်းသပ်ခမှာ အခမဲ့ ဖြစ်ကြောင်းသိရှိရပါတယ်။ အသေးစိတ်သိရှိလိုပါက အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ ဖုန်းဝ၈၁-၂၀၆၈၂၉၊ ဝ၉၄၂၀၇၃၀၁၃၀ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်းသိရပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General