အောင်လံဈေးကွက်မှာ နှမ်းမျိုးစုံဈေးတက်
 
                                                    
                
	ယခုတစ်ပတ်  အောင်လံဈေးကွက်မှာ နှမ်းမျိုးစုံဈေးတက် လာပါတယ် ယခင်တစ်ပတ်က နှမ်းနီတစ်ပိဿာကို ၁၈၈၉ ကျပ် ဈေးမှ ယခုတစ်ပတ်မှာ တစ်ပိဿာကို ၂၀၄၄ ကျပ်အထိ ဈေးတက်ခဲ့ပါတယ်။ နှမ်းနက်ရိုးရိုးဈေးကွက်မှာ ယခင်တစ်ပတ်က တစ်ပိဿာကို ၂၅၁၁ ကျပ်နဲ့ ရောင်းချခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာကို ၂၇၇၈ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။သိပ္ပံနှမ်းဈေးကွက်မှာ ယခင်တစ်ပတ်က တစ်ပိဿာကို ၃၂၆၇ ကျပ်ဈေးမှ ယခုတစ်ပတ်မှာ တစ်ပိဿာကို ၃၅၁၁ ကျပ်အထိ ဈေးတက်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း နှမ်းမျိုးစုံတစ်နေ့ကိုအိတ် ၈၀ဝ ခန့် ရောင်းချခဲ့ရပါတယ်။ပဲစင်းငုံအနီဈေးကွက်မှာ ယခင်တစ်ပတ်က တစ်ပိဿာကို ကျပ် ၁၈၀ဝ နဲ့ ရောင်းချခဲ့ရာမှ ယခုတစ်ပတ်မှာ    တစ်ပိဿာကိုကျပ် ၁၆၅၀ (တစ်တန်၁၀၁၀၄၄၄ ကျပ်) အထိ ဈေးကျခဲ့ပါတယ်။ ယခင်တစ်ပတ်က ပဲတီစိမ်း တစ်ပိဿာကို ၁၁၇၅ ကျပ်မှ ယခုတစ်ပတ်မှာ တစ်ပိဿာကို ၁၄၂၅ ကျပ် (တစ်တန် ၈၇၂၆၅၆ ကျပ်) အထိ
	ဈေးတက်ခဲ့ပါတယ်။ ယခင်တစ်ပတ်မှာ ကုလားပဲ တစ်ပိဿာကို ကျပ် ၂၀၅၀ ကျပ်မှ ယခုတစ်ပတ်မှာ ၂၁၇၅ ကျပ် (တစ်တန်ကို ၁၃၃၁၉၄၈ ကျပ်) အထိဈေးတက်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာနှမ်းမျိုးစုံကို ဆီကြိတ်ရန်အတွက် ဆီစက်များမှ လာရောက်ဝယ် ယူ ခဲ့တယ်လို့ သိရပါ တယ်။
	 
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
