ကြက်သွန်နီ တင်ပို့မှုလျော့နည်း
 
                                                    
                
	စက်တင်ဘာ ၁၇ရက်မှ ၂၃ ရက်သီတင်းပတ်အတွင်း မူဆယ်၊ မြဝတီနဲ့ တာချီလိတ် ကုန်သွယ်ရေးဇုန်နဲ့ စခန်းများမှ  အမေရိကန်ဒေါ်လာသုည ဒသမ ၂၇၄ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၁၄၄၂ တန်ကျော် တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင် ပို့ခဲ့တာကတော့ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ၆၂၈ တန်၊ မြဝတီကုန်သွယ်ရေးဇုန်မှ ၃၁၄ တန်ကျော်နဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ တန် ၅၀ဝ တို့ဖြစ်ပါ တယ်။ ယခင်သီတင်းပတ်က မူဆယ်မှ  တန် ၆၅၀၊ မြဝတီမှ ၃၅၇တန်ကျော်နဲ့ တာချီလိတ်မှ  တန် ၇၀ဝ တင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာကြက်သွန်နီတင်ပို့မှု ၂၆၅ တန် ကျော် လျော့နည်းသွားတာတွေ့ရပါတယ်။တာချီလိတ်ကုန်သွယ်ရေးစခန်း ကတော့ ယခင်တစ်ပတ်က ကြက်သွန်ဖြူ တင် ပို့မှုမရှိဘဲ ယခုတစ်ပတ်မှာအမေရိကန်ဒေါ်လာ ၉၂၇၀ဝ တန်ဖိုးရှိ ကြက်သွန်ဖြူ တန် ၆၀ တင်ပို့ခဲ့ပါတယ်။ ရန်ကုန်ဈေး ကွက်အတွင်း ယခုတစ်ပတ် ကြက်သွန်နီတစ်ပိဿာ ၇၀ဝ-၉၀ဝ ကျပ်ဈေးရှိပြီး၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၄၀ဝဝ-၄၅၀ဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။    
	မော်မော်အောင်
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
