ပြည်မြို့ဆန်စပါးဈေးကွက်တွင် လက်ကျန်စပါးဟောင်း ဝယ်လက်မျှော်
 
                                                    
                
	ပြည်မြို့  ဆန်စပါးဈေးကွက်တွင် လက်ကျန်စပါးဟောင်းရော အခြားဆန်တွေပါ  ဈေးနှုန်းတွေ တဖြည်းဖြည်းကျလာပါတယ်။  အရောင်းအဝယ်မှာ နယ်တင်ပို့မှုမရှိဘဲ တိုင်းတွင်း၊ ဒေသတွင်းသာရှိနေကြောင်း သိရပါတယ်။လက်ကျန်စပါးဟောင်းများ အဝယ်မလိုက်ဘဲ ရှိနေတာကြောင့် စပါးကုန်သည်တွေအနေနဲ့ နယ်ဝယ်လက်စောင့်နေရကြောင်း သိရပါတယ်။
	စက်တင်ဘာလအတွင်း အရောင်း အဝယ်အေးနေတာကြောင့် စပါးဈေး၊ ဆန်ဈေးတွေ တဖြည်းဖြည်းကျလာခဲ့ပါ   တယ်။ ပြည်မြို့ရဲ့စက်တင်ဘာ စပါးပေါက်ဈေးများမှာ တောင်ပျံမွှေးစပါးတင်း ၁၀ဝ၊ ၄၆ပေါင်ကိုက်ဈေး ၈၁၈၈၀ဝကျပ်နဲ့ ဆန်တစ်အိတ်ဈေးမှာ (ထိပ်စ) ၃၅၅၀ဝ ကျပ်၊ (လတ်စ) ၃၄၀ဝဝ ကျပ်တို့ဖြစ်ပါတယ်။ စပါးဈေးရောဆန်ဈေးပါဈေးကျလာသော်လည်း ဒေသတွင်းစားသုံးမှု အရောင်းအဝယ်သာရှိနေပါတယ်။
	ဧည့်မထစပါးဈေးမှာ ၅၂၄၄၀ဝ ကျပ်ဖြစ်ပြီး၊ ဧည့်မထဆန် တစ်အိတ်ဈေး(ရှယ်) အပျော့၊ ၂၀၅၀ဝ ကျပ်၊ (ရှယ်)အမာစ ၁၈၅၀ဝ ကျပ်အထိ ဈေးကျလာခြင်းဖြစ်ပါတယ်။ ဆန်တစ်အိတ်လျှင် ကျပ် ၁၀ဝဝ မှ ၁၅၀ဝ ကျပ်အထိ ဈေးကျလာတာတွေ့ရပါတယ်။       
	နီနီဝင်း
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
