နို့ဆီတန်ချိန် ၃၀ဝ ကျော်နဲ့နို့မှုန့်တန်ချိန် ၃၀ဝ နီးပါးဝင်
 
                                                    
                
	စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက် သီတင်းပတ်အတွင်း   ကန်ဒေါ်လာ ၃၅၉၆၈၄ တန်ဖိုးရှိ  နို့ဆီ ၃၂၃ ဒသမ ၇၄၈ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ  တင်သွင်းခဲ့ပါတယ်။
	ဒီတစ်ပတ်မှာ ဒွန်းနို့ဆီတစ်မျိုးတည်း သာ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်နို့ဆီတင်သွင်းမှုမှာ တန်ချိန် ၄၀ဝ ကျော်ရှိခဲ့တာကြောင့်  ဒီတစ်ပတ်တင် သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်၉၀နီးပါးအဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ကန်ဒေါ်လာ ၁၄၁၄၄၂၀ တန်ဖိုး ရှိ နို့ဆီ၂၉၅ဒသမ ၆၅၈ တန် တင်သွင်း ခဲ့တယ်လို့သိရပါတယ်။   ဒီတစ်ပတ် မလေးရှားမှ ၂၀၁ ဒသမ ၇၇၅ တန်နဲ့ နယူးဇီလန်မှ ၉၃ ဒသမ ၈၈၃တန်တင် သွင်းခဲ့တယ်လို့  သိရပါတယ်။  ယခင်သီတင်းပတ်ကနို့မှုန့်တင်သွင်းမှုမှာ တန် ချိန် ၆၀ နီးပါးရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်သွင်းမှုနဲ့နှိုင်းယှဉ်ရင် တန်ချိန် ၂၄၀ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။  
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
