ရိဒ်ကုန်သွယ်ရေးစခန်းရဲ့ သြဂုတ်လအတွင်း ကုန်သွယ်မှုပမာဏ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ တိုးတက်
 
                                                    
                
	မြန်မာ- အိန္ဒိယ နယ်စပ်ရှိ ရိဒ် ကုန်သွယ်ရေးစခန်းမှ သြဂုတ်လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၁ဒသမ ၆၂၈ သန်း၊ သွင်းကုန်   အမေရိကန် ဒေါ်လာသုညဒသမ၇၉၉သန်းစုစုပေါင်းကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ၂ဒသမ၄၂၇သန်း ဆောင်ရွက်နိုင်ခဲ့ပါ တယ်။ ဒါ ကြောင့် အနီးစပ်ဆုံး ကာလဖြစ်တဲ့ ဇူလိုင်ထက် ပို့ကုန်အမေရိကန်ဒေါ်လာ သုည ဒသမ ၃၇၆သန်း၊ သွင်းကုန် အမေ ရိကန် ဒေါ်လာသုညဒသမ၁၆၄သန်းပိုမိုခဲ့၍ကုန်သွယ်မှုပမာဏအမေရိကန် ဒေါ်လာသုညဒသမ၅၄သန်းပိုမို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယမန်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ပါက လည်း ပို့ကုန်ရော သွင်းကုန်ပါ ပိုမိုခဲ့ ၍ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၁ဒသမ ၆၅၆သန်း ပိုမို ဆောင်ရွက်နိုင်ခဲ့ပါတယ်။အနီးစပ်ဆုံးကာလထက် ပိုမို ရခြင်းမှာ သြဂုတ်လအတွင်း ဆေးရိုး၊ မဝတ်တီရှပ်တို့ တင်ပို့မှု လျော့နည်း ခဲ့သော်လည်း ကွမ်းသီး၊ စီးကရက်၊ မုန့်မျိုးစုံ၊ ငါးသေတ္တာ၊ ပလပ်စတစ် အိတ်၊ ကလေးဝတ်တီရှပ်၊ ကလေး ဝတ်အနွေးထည်၊ကလေးဝတ်ဝမ်းဆက်၊မဝတ်အောက်ခံ ဘောင်းဘီတို့ပိုမိုတင်ပို့ခဲ့ပြီးသွင်းကုန်ပိုင်းတွင်လည်;ဆံပင်တင်သွင်းမှု       လျော့နည်းခဲ့ သော်လည်း ဓာတ်မြေသြဇာ (ပုလဲ၊ ပိုတက်)၊ နိုင်လွန်ချည်၊ တောင်လုံး ကျော်တို့ပိုမိုတင်သွင်းခဲ့သဖြင့် အနီး စပ်ဆုံး ကာလထက် ကုန်သွယ်မှု ပိုမို ရတာ ဖြစ်ပါတယ်။
	သြဂုတ်လအတွင်း ရိဒ်ကုန်သွယ် ရေးစခန်းရဲ့ အများဆုံး တင်ပို့ခဲ့တဲ့ ပို့ကုန် ပစ္စည်းများကတော့ ကွမ်းသီး၊ ဆေးရိုး၊ ဆေးရွက်ကြီးမှုန့်၊ မုန့်မျိုးစုံ၊ စီးကရက်၊ ပလပ်စတစ်အိတ်၊ ဆပ်ပြာ မှုန့်တို့ဖြစ်ပြီး အများဆုံးတင်သွင်းခဲ့တဲ့ သွင်းကုန်ပစ္စည်းများကတော့ ဓာတ် မြေသြဇာ (ပုလဲ၊ ပိုတက်)၊ ဆံပင်၊ နိုင်လွန်ချည်၊ တောင်လုံးကျော်တို့ ဖြစ်ပါတယ်။
	ခင်မိုးသူ
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
