နယ်စပ်စခန်းများမှ ကြက်သွန်နီပိုမိုတင်ပို့
 
                                                    
                
	မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်နှင့်တာချီလိတ်ကုန်သွယ်ရေး စခန်းနှစ်ခုမှ သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်အတွင်း အမေရိကန်ဒေါ်လာ ၂၆၅၁၄၄ တန်ဖိုးရှိ ကြက် သွန်နီ တန် ၈၂၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။
	စခန်းအလိုက် တင်ပို့ခဲ့တာကတော့   မြဝတီမှ တန် ၅၂၀ ကျော်နဲ့ တာချီလိတ်မှ  တန် ၃၀ဝ ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်က မြဝတီမှ ၂၃၉ တန်နဲ့ တာချီလိတ်မှ တန် ၁၀ဝ သာတင်ပို့ခဲ့ လို့ ယခုတစ်ပတ်မှာ အဆိုပါစခန်းများမှ ကြက်သွန်နီပိုမိုတင်ပို့ လာတာ တွေ့ရပါတယ်။
	မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန်ကတော့ အမေရိကန် ဒေါ်လာ ၁၄၃၀ဝ၀ တန်ဖိုးရှိ ကြက် သွန်နီတန်ချိန် ၅၅၀ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၈၀ဝ အောက်တန် ၂၅၀ ကျဆင်းခဲ့တာကို တွေ့ရပါတယ်။
	ကြက်သွန်နီ ရာသီချိန်   ကုန်ဆုံးခါနီးဖြစ်သဖြင့် တင်ပို့မှု လျော့နည်းရတာဖြစ်ကြောင်း  မူဆယ်စခန်းမှ တစ်ဆင့်သိရပါ တယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ကြက်သွန်နီတစ်တန်ကို မိမိဘက် ပေါက်ဈေး (ငွေလဲနှုန်းအရ) ၃၁၄၆၀ဝ-၃၂၀၆၅၀ ကျပ်ဈေးရှိပြီး မြဝတီကုန်စည်ဒိုင်မှာ ၂၄၀၁၉၂-၄၃၆၆၄၄ ကျပ်ဈေးရှိတယ်လို့ သတင်းရရှိပါတယ်။
	မော်မော်အောင်
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
