ရှမ်းပဲပုပ် ရောင်းလိုအားထက်ဝယ်လိုအားများ

ပြည်နယ်လို့ ပြောလိုက်တာ နဲ့ ပဲပုပ်လို့ လူသိများခဲ့ပါတယ်။  ပဲပုပ် ကို ရှမ်းပြည်နယ်မှာနေထိုင်တဲ့ လူမျိုးစု တွေ တော်တော်များများက   ရိုးရာ ဟင်းလျာအဖြစ် စားသုံးကြပါတယ်၊ ရှေးယခင်ကတည်းက   စိုက်ပျိုးထုတ် လုပ်ခဲ့ကြပေမယ့် လွန်ခဲ့တဲ့ ခြောက်နှစ်၊ ခုနစ်နှစ်ကစပြီး ဈေးကွက်ပျက်လာ ပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း) မှာ စိုက်ပျိုးတဲ့ သီးနှံတွေထဲမှာမှ အစေ့ ထုတ်ပြောင်း သီးနှံကလွဲရင် ကျန်သီးနှံ တွေအားလုံး အရှုံးတွေနဲ့သာ ရင်ဆိုင်ခဲ့ ရပါတယ်။   ဒါကြောင့်  စိုက်ပျိုးတဲ့ တောင်သူတွေကလည်း ကိုယ့်အတွက် ဝင်ငွေရရှိဖို့သေချာတဲ့    အစေ့ထုတ် ပြောင်းတွေကိုသာ ပြောင်းပြီး  စိုက်ပျိုး ခဲ့ကြလို့ ရှမ်းပြည်ရဲ့ အဓိကသီးနှံတွေ ဖြစ်တဲ့  ကြက်သွန်ဖြူ၊ ပဲပုပ်   စတဲ့သီး နှံတွေ စိုက်ဧကနည်းခဲ့ပြီး   အထွက် နှုန်းလည်း လျော့ခဲ့ပါတယ်။ မနှစ်က အထိ ဈေးကွက်မှာလည်း များများစား စားမရှိခဲ့ပါဘူး။
    တောင်ကြီးမှာစိုက်တဲ့ ပဲပုပ်တွေ က သြဂုတ်လ နောက်ဆုံးပတ်မှစပြီး ဈေးကွက်ကိုဝင်လာပါတယ်။ ဒီနှစ်မှာ တော့   မိုးက     ဇွန်လကတည်းက တောက်လျှောက်   ကောင်းလာခဲ့ပါ တယ်။ ပဲပုပ်တွေရိတ်သိမ်းချိန်   ရောက် နေပေမယ့် မိုးကမပြတ်တာကြောင့်  မရိတ်နိုင်သေးဘဲထားရလို့ မိုးမိပြီး ပျက် စီးခဲ့တာတွေလည်း ရှိတယ်လို့ သိရပါ တယ်။
    အခုနောက်ပိုင်းမှာ   လူတွေက ကျန်းမာရေးအတွက်   မြေပဲဆီ၊  စား အုန်းဆီတွေအစား နေကြာဆီ၊   ပဲပုပ် ဆီတွေကို အသုံးပြုလာကြပါတယ်။ ပဲ ပုပ်ကိုလည်း ပဲပြားလုပ်တာရယ်၊ ပဲငံ ပြာရည်လုပ်တာရယ်၊ ဒေသတွင်းမှာ အစိုကို ဟင်းလျာအဖြစ် အသုံးပြုတာ ရယ်၊ ရှမ်းလက်ဆောင်အဖြစ် ပဲပုပ်စေ့ လှော်လုပ်တာရယ်ကြောင့်  အဝယ်ပြန် လိုက်လာတယ်လို့ သိရပါတယ်၊  အခု တော့ဈေးကွက်မှာ  ဝယ်လိုအားများပြီး ရောင်းလိုအားက    နည်းနေတယ်လို့ သိရပါတယ်။  တောင်ကြီးဈေးကွက် မှာတော့  ပဲပုပ်စေ့က အစိုဆိုရင်  ကျပ် ၈၀ဝ၊ ၈၅၀ ကျပ် ဈေးရှိပြီး  အခြောက် ဆိုရင် ကျပ် ၁၀ဝ၀၊ ၁၀၅၀ ကျပ် ဈေး ရတယ်လို့ ဈေးကွက်မှသိရှိရပါတယ်။
    ဧခိုင်(တောင်ကြီး)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General