ကုန်သွယ်ရေးစခန်းများနဲ့ကုန်သွယ်ရေးဇုန်များမှ တရုတ်၊ ထိုင်းနဲ့အိန္ဒိယဆိုင်ကယ်များ ပိုမိုတင်သွင်း
 
                                                    
                
	သြဂုတ်လ ၂၇ရက်မှ စက် တင်ဘာလ ၂ ရက်အထိ ကာလ အတွင်း တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများနဲ့ ကုန်သွယ်ရေး ဇုန်များမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၅၃ သန်းတန်ဖိုးရှိ ဆိုင်ကယ် အသစ် ၁၂၂၈၅ စီး တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၀၆၁၇ စီး တင်သွင်းခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၆၆၈ စီး ပိုမိုတင်သွင်းတာ တွေ့ရ ပါတယ်။ ယခုတစ်ပတ်မှာ ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းနဲ့ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ဆိုင်ကယ်များ တင်သွင်းမှုမရှိသော်လည်း မူဆယ် ကုန်သွယ်ရေးဇုန်၊ တမူးကုန်သွယ်ရေးစခန်းနဲ့ ကော့သောင်း ကုန်သွယ် ရေးစခန်းများမှ တင်သွင်းခဲ့တဲ့အတွက် ယခင်တစ်ပတ်ထက် ပိုမိုတင် သွင်းနိုင်ခဲ့တယ်လို့ ကုန်သွယ်ရေးစခန်းများမှ သိရပါတယ်။
	ကုန်သွယ်ရေးစခန်းနဲ့ ကုန် သွယ်ရေးဇုန်များမှ တင်သွင်းမှု အခြေ အနေကိုကြည့်ပါက မူဆယ် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၇၆၂ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၁၂၅၀ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၅၂၆ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၉၇၉ စီးနဲ့ တမူးကုန် သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၅၆ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၅၁ စီး၊ ကော့သောင်း ကုန်သွယ်ရေးစခန်းမှ အမေရိ ကန် ဒေါ်လာ သုည ဒသမ ဝ၀၉ သန်းတန်ဖိုးရှိ ဆိုင်ကယ် ငါးစီးကိုအသီးသီး တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။             
	 ခင်မိုးသူ
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
