ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ထိုင်းနယ်စပ်များမှ ဒညင်းသီးတင်ပို့
 
                                                    
                
	မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ အမေ ရိကန်ဒေါ်လာ ၂၉၉၄၇ တန်ဖိုးရှိ ဒညင်းသီး ၁၁၅ တန်ကိုလည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၂၀၁၆ တန်ဖိုးရှိ ဒညင်းသီး ၁၀ တန်ကိုလည်းကောင်း တင်ပို့ခဲ့ကြ ပါတယ်။
	မောင်တော ကုန်သွယ်ရေးစခန်းမှ ဒညင်းသီးကို သြဂုတ်လဆန်းပိုင်း ကတည်းက တင်ပို့ခဲ့တာဖြစ်ပြီး တာချီလိတ် ကုန်သွယ်ရေးစခန်းကတော့ ယခုတစ်ပတ်မှ စတင် တင်ပို့ခဲ့တာဖြစ်ပါတယ်။ မောင်တော ကုန်သွယ်ရေး စခန်းမှာ ဒညင်းသီးတစ်တန်ကို လိုင်စင်ဈေး (ငွေလဲနှုန်းအရ) အမေရိကန် ဒေါ်လာ ၂၆၀ ရှိပြီး တာချီလိတ်မှာ အမေရိကန်ဒေါ်လာ ၂၁၀ခန့် ရှိတယ်လို့ သိရပါတယ်။                  မော်မော်အောင်
	 
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
