စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချိုငါး တန် ၈၀ ကျော်တင်ပို့
 
                                                    
                
	မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ် ရေးစခန်းမှ တစ်ဖက်နိုင်ငံသို့ သြဂုတ်လ ၂၀ မှ ၂၆ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ဝ၈၇ သန်း တန်ဖိုးရှိ ရေချိုငါးမြစ်ချင်း ၈၄ တန်ကိုတင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တင်ပို့နိုင်ခြင်းမရှိဘဲ ယခုတစ်ပတ်မှသာ ပြန် လည် တင်ပို့နိုင်တာ တွေ့ရပါတယ်။
	သြဂုတ်လဆန်းပိုင်းမှစပြီး စတုတ္ထပတ်အထိ အမေရိ ကန်ဒေါ်လာ သုညဒသမ ၂၄၇ သန်း တန်ဖိုးရှိ ရေချိုငါး ၂၃၈ တန်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ပြီးဖြစ်တယ်လို့ သိရပါ တယ်။
	ယခုတစ်ပတ်တွင် စစ်တွေကုန်သွယ်ရေးစခန်းမှ ရေချို ငါးအပြင် အမေရိကန်ဒေါ်လာ သုညဒသမ ဝ၂၃ သန်း တန်ဖိုးရှိ ဆီးသီးခြောက်၊ ဆီးယိုထုပ်၊ ဆီးဖတ် ၁၁၃ တန်ကို လည်းကောင်း၊ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၁၁ သန်း တန်ဖိုး ရှိမန်ကျည်းစေ့ ၁၉၇ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ  ဝ၀၆ သန်း တန်ဖိုးရှိ နနွင်းတက် ၄ တန်၊  အမေ ရိကန်ဒေါ်လာ  သုညဒသမ ဝ၂၄ သန်းတန်ဖိုးရှိ ချင်းအစို ၃၂ တန်၊ အမေ ရိကန်ဒေါ်လာ သုညဒသမ ဝ၀၄ သန်း တန်ဖိုးရှိ သစ်ခေါက်  ၁၃ တန်ကို တင်ပို့နိုင်တယ်လို့ သတင်းရရှိပါတယ်။  
	ခင်မိုးသူ
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
