အရှေ့ အနောက်ပင်လယ် ပေါင်းကူး ( သို့မဟုတ် ) မောတောင်

မောတောင်ဆိုတာ မြိတ်မြို့ရဲ့ အရှေ့ဘက် ၁၁၈ မိုင်အကွာ၊ တနင်္သာရီ မြို့နယ် သိန်ခွန်းကျေးရွာအုပ်စုမှာရှိတဲ့  ထိုင်းနယ်စပ်က မြန်မာရွာလေး  တစ်ရွာပါ။  မောတောင်နဲ့ကပ်လျက် နယ်နိမိတ် ချင်း ထိစပ်နေတာကတော့ ထိုင်းပင် လယ်ကွေ့၊  ကရာကျွတ်ကရီ ရန်ခရိုင်မှာရှိတဲ့  ဗန်ကောက်-ရနောင်း ကားလမ်းနဲ့ ၁၅ မိုင် အကွာက  ဒန်ဆင်ခွန်း ထိုင်းရွာ လေးပဲဖြစ်ပါတယ်။   မောတောင်-ဒန်ဆင်ခွန်းဆိုတဲ့နှစ်နိုင်ငံနယ်စပ် ဒေသလေးဟာ အနောက်ဘက် ကပ္ပလီပင်လယ် မြိတ်ဒေသနဲ့    အရှေ့ဘက်ထိုင်း  ပင်လယ်ကွေ့
(ကရာကျွတ်ကရီရန်ဒေသ) တို့ကို     ပေါင်းကူးဆက်သွယ်ပေး ထားတဲ့  နယ်စပ်ဖြတ်သန်းနေရာလေးဖြစ်ပြီး   အနောက်ဘက်ရှိ တနင်္သာရီဒေသရဲ့  စီးပွားရေးအချက်အချာကျတဲ့    မြိတ်မြို့ကို ကားနဲ့ လေးနာရီခရီး၊ မြောက်ဘက် ထိုင်းနိုင်ငံမြို့တော်  ဗန် ကောက်ကို  ငါးနာရီခရီးနဲ့  တောင်ဘက်  ရနောင်းမြို့ကို  ကားနဲ့ ငါးနာရီခရီးလောက်နဲ့   သွားရောက်နိုင်တဲ့  နှစ်နိုင်ငံနယ်စပ်က လမ်းဆုံနေရာလေး ဖြစ်ပါတယ်။
တစ်ချိန်ကတော့  ဒီနယ်စပ် လမ်းဆုံမှာ  မောတောင် ဘက် ခြမ်းက  မီးနီအပြများတာကြောင့် ဖြတ်သန်းသွားလာရန်  အခက် အခဲတွေရှိခဲ့ပြီး   ဒီလိုဖြစ်ပေါ်နေခဲ့ရတဲ့  အကြောင်းရင်းမှာလည်း တနင်္သာရီမြစ်ရိုးတစ်လျှောက်က   တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ   ဒီဒေသကိုအခြေပြုပြီး  ဝင်^ထွက်  သွား^လာ ကျက်စားခိုလှုံရာ  အညိုရောင် နယ်မြေဖြစ်ခဲ့တာကြောင့်  နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိခြင်းနဲ့အတူ  ဒေသခံများလည်း အသွား အလာနည်းပါးခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ (လမ်း^တံတား)တွေလည်း   ကောင်းအောင်   မဆောင်ရွက်နိုင်ခဲ့တာကြောင့် နီး လျက်နဲ့ဝေးကွာနေခဲ့ရတဲ့ ဒေသလေး ဖြစ်နေခဲ့ရပါတယ်။
ဒီလို အခြေအနေများကြောင့်  မြိတ် - တနင်္သာရီဒေသက ထွက်ရှိတဲ့  ကုန်ပစ္စည်းများနဲ့ ဒေသအတွက် လိုအပ်တဲ့ ကုန်ပစ္စည်း များကို တစ်ဖက်နိုင်ငံကို တင်ပို့ ^ တင်သွင်းရာမှာ  ပင်လယ် ရေကြောင်းကသာ  အဓိက အားပြုဆောင်ရွက်နေရပြီး မြိတ်ကနေ ရနောင်းအထိ  ရေမိုင် ၂၇၆ မိုင်ခရီးကို  ရာသီဥတုကောင်းပြီး နေ့^ည မောင်း နိုင်ရင် ငါးလှေတွေအနေနဲ့  ၂၄ နာရီ လောက်ကြာ အောင် ခရီးဆန့်သွားလာနေကြရတာလည်း ဖြစ်ပါတယ်။
အကျိုးဆက်အနေနဲ့ ကတော့  မြိတ်-မောတောင်-ဆင်ခွန်း ကနေ ထိုင်းနိုင်ငံရဲ့  အကြီးဆုံးငါးဈေးကွက်ရှိရာ   မဟာချိုင်ကို ကားနဲ့တိုက်ရိုက်တင်ပို့ရင်  အချိန်  ခုနစ်နာရီလောက်နဲ့  ရောက်ရှိ နိုင်ပြီး  ရေကြောင်းနဲ့  ရနောင်းဈေးကွက်ကို  ၂၄ နာရီနဲ့  မဟာချိုင် အထိ ဆိုလျှင် ၃၁ နာရီခန့်  ကြာမြင့်နိုင်တာကြောင့် မြိတ်-မော တောင်-ဆင်ခွန်းလမ်းကြောင်းဟာ   မြိတ်-ရနောင်းလမ်းကြောင်း ထက် အချိန်နဲ့  ကုန်ကျမှုစရိတ် သက်သာမှု ရှိပြီးအချိန်တိုအတွင်း တင်ပို့ နိုင်တဲ့  ငါးရဲ့လတ်ဆတ်မှုအရ ဈေးကွက်မှာ ဈေနှုန်းမှန်လည်း ရရှိနိုင်တာကြောင့်  လုပ်ငန်းဆောင်ရွက်သူများအတွက်  အကျိုး အမြတ်တွေလည်း  ပိုမိုဖြစ်ထွန်း နိုင်စေရုံမက ဈေးကွက်ယှဉ်ပြိုင်မှု အားသာချက်နဲ့  အခွင့် အလမ်းတွေလည်း  ရရှိနိုင်မှာဖြစ်ပါ တယ်။
ဒါကြောင့်  ဒေသခံများအနေနဲ့ မိမိတို့ရဲ့အကျိုးစီးပွားနဲ့အတူ ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးနှင့်  လုပ်ငန်း  အခွင့်အလမ်းတွေ ရရှိဖြစ်ထွန်းစေရေးတို့အတွက်  မောတောင်-ဒန်ဆင်ခွန်း နယ်စပ် ဂိတ်ကို နှစ်နိုင်ငံ  တရားဝင်  ဂိတ်တွေအဖြစ်  ဖွင့်လှစ်ဆောင်ရွက် နိုင်ရေးကို လိုလားတောင့်တနေခဲ့ ကြပါတယ်။
တာဝန်ရှိသူများအနေနဲ့လည်း   နယ်မြေ တည်ငြိမ်အေး ချမ်းပြီး   တရားဥပဒေစိုးမိုးမှုနဲ့အတူ   ကုန်စည်ကူးသန်းရောင်း ဝယ်မှုနဲ့ မဟာဗျူဟာ  လမ်းကြောင်းအရ  အရေးပါလှတဲ့  တနင်္သာ ရီ-မောတောင်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက်  ဖြစ်ပေါ်နေတဲ့ အခြေအနေ  အရပ်ရပ်အပေါ်  နှစ်တိုနှစ်ရှည်  စီမံချက်များနဲ့ ဘက်ပေါင်းစုံမှ  ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့မှုတွေကြောင့် ဆယ်စုနှစ် တစ်ခုအတွင်းမှာပဲ  ဆီအုန်း၊  ရော်ဘာစိုက်ခင်းတွေ တိုးချဲ့ လုပ်ကိုင်လာနိုင်ပြီး  နယ်မြေတည်ငြိမ်အေးချမ်းလာကာ လမ်း၊  တံတားတွေလည်း  တည်ဆောက်နိုင်ခဲ့ပြီး  မောတောင် နယ်စပ်ဂိတ်နဲ့  ဒန်ဆင်ခွန်းနယ်စပ်ဂိတ်ကို ၂၀၁၅ ခုနှစ်၊ မေ  ၆ ရက်တွင် အသီးသီး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။  အဆိုပါ ဂိတ်တွေကို တရားဝင်  နယ်စပ်ဂိတ်အမြန်ဆုံး  ဖြစ်မြောက်ရေးအတွက်လည်း နှစ်နိုင်ငံ  နယ်စပ်တိုင်းတာရေး   ကိစ္စရပ်များ  ပြီးပြတ်နိုင်ရေးကို ညှိနှိုင်း ဆောင်ရွက်နေကြပါတယ်။    ထို့ပြင် ၂၀၁၅ ခုနှစ်မှာ  ကရီခန်ခရိုင်၊  ပရာချွတ် မြို့နဲ့  တနင်္သာရီတိုင်း၊  မြိတ်မြို့တို့ကို မောင်နှမမြို့တော်အဖြစ်  နားလည်မှု  စာချွန်လွှာ  လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီး မောတောင်-ဒန်ဆင်ခွန်း  နယ်စပ်ဖြတ် ကျော်ဒေသ အဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း နှစ်နိုင်ငံမှ တာဝန်ရှိသူများ၊ ကုန်သည်လုပ်ငန်းရှင်များ  ညှိနှိုင်းဆွေးနွေးပွဲများ  ကျင်းပပြုလုပ် ခြင်းနဲ့အတူ အပြန်အလှန် ချစ်ကြည်ရေး၊  လေ့လာရေးခရီးများ သွားလာဆောင်ရွက်လာနိုင်ခဲ့ကြပါတယ်။
ယခုလို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများနဲ့အတူ  မောတောင်-ဒန်ဆင်ခွန်းလမ်းကြောင်းအသုံးပြုပြီး   မြိတ်ဒေသရှိ  ကျွန်း ၈၀ဝ ကျော်မှာ   ခရီးသွားလုပ်ငန်းဆောင်ရွက်နိုင်ရေးနဲ့   တနင်္သာရီ၊ မောတောင် ဒေသရှိ  မြေလွတ်မြေရိုင်းတွေမှာ  ကန်ထရိုက်စနစ်နဲ့ သစ်သီးဝလံတွေ  စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရေးကိစ္စများကို ထိုင်းဘက်က   စိတ်ဝင်တစား  ကမ်းလှမ်းညှိနှိုင်းမှုများလည်း ရှိ လာသလို မြိတ် ဒေသအနေနဲ့လည်း ဒေသထွက် ကုန်ပစ္စည်းများကို မောတောင်လမ်းက  တင်ပို့နိုင်ရေး၊  မောတောင်ဒေသ လျှပ်စစ်မီး ရရှိရေးအတွက် နီးစပ်ရာ ဒန်ဆင်ခွန်းမှ သွယ်တန်းရရှိရေး၊ စိုက် ပျိုးရေးနည်းပညာ  ဖလှယ်ခွင့်နဲ့  မျိုးကောင်းမျိုးသန့်များ  ရရှိရေး၊ မောတောင်မှ  ဟွမ်ဟေဒေသအထိ    ရက်ရှည်ခရီးသွားလာခွင့်ရရှိရေးကိစ္စများအပြန်အလှန်  ညှိနှိုင်းမှုများ ရရှိခဲ့ပါတယ်။
သို့ဖြစ်၍  မောတောင်ဒေသဟာ  နယ်မြေတည်ငြိမ်အေးချမ်း လာပြီး  ကောင်းမွန်တိုးတက်လာတဲ့  လမ်း၊ တံတားများကြောင့် အနောက်ဘက် ကပ္ပလီပင်လယ်နဲ့  အရှေ့ဘက်က  ထိုင်း ပင်လယ် တို့ကို  အချိန်တိုအတွင်း   ဖြတ်သန်းသွားလာနိုင်တော့မှာ  ဖြစ်တဲ့ အပြင်  နှစ်နိုင်ငံအကျိုးစီးပွားတွေနဲ့  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေပါ တိုးတက်လာပြီး  အရှေ့၊ အနောက်နှစ်ဘက်သော ပင်လယ်က တိုက်ခတ်လာတဲ့  လေညှင်းတို့ဆုံရာ  အရပ်မှာ  ချိုမြိန်တဲ့အသီး၊ အပွင့်တွေ ဖြစ်ထွန်းခံစားရတော့မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။    
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General