| အကြောင်းအရာ  | ဤစီမံဆောင်ရွက်မှု (အခန်း ၅၊ ပုဒ်မ ၂၃ (ကနှင့် ခ)) သည် ကုန်စည်များတင်ပို့မှုအတွက် အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ညွှန်ကြားရေးမှူးချုပ်သည် စီးပွားရေးအလို့ငှာ မွေးမြူခွင့်ပြုထားသော တောရိုင်းတိရစ္ဆာန်နှင့် စိုက်ပျိုးခွင့်ပြုထားသော သဘာဝအပင်ကိုဖြစ်စေ၊ ယင်းတို့၏ အစိတ်အပိုင်းကိုဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ် ထားသော ပစ္စည်းကိုဖြစ်စေ ဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့်ပြည်ပသို့ တင်ပို့ခွင့်ပြုရန်ထောက်ခံချက်ကိုလည်းကောင်း၊ နိုင်ငံတကာကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်သည့် တိရစ္ဆာန်နှင့် အပင်များကိုဖြစစေ၊ ယင်းတို့၏ အစိတ်အပိုင်းကိုဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကိုဖြစ်စေ ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ပြည်တွင်းသို့ တင်သွင်းရန်၊ ပြည်ပသို့တင်ပို့ရန် သို့မဟုတ် ပြည်ပသို့ တစ်ဆင့်ခံတင်ပို့ရန် ထောက်ခံချက်ကိုလည်းကောင်း ပေးနိုင်သည်။ ထို့ကြောင့် အဆိုပါကုန်စည်များကို ပြည်ပသို့ တင်ပို့လိုသူသည် ပြည်ပသို့တင်ပို့ခွင့်ထောက်ခံချက်ကို သစ်တောဦးစီးဌာနတွင် လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကို စီးပွားဖြစ်ကုန်သွယ်ခြင်းကို ထိန်းချုပ်ရန်ဖြစ်ပါသည်။ | 
                    
                    
                        | မှတ်ချက်များ  | ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ၂၀၁၈ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပါသည်။ | 
                    
                    
                        | အဖွဲ့အစည်း  | သစ်တောဦးစီးဌာန | 
                    
                    
                        | ပို့ကုန်/သွင်းကုန်  | ပို့ကုန် | 
                    
                    
                        | မှ အတည်ဖြစ်သည်  | 2018-05-21  | 
                    
                    
                        | ထိ အတည်ဖြစ်သည်  |  သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ | 
                    
                    
                        | ရည်ညွှန်းချက်  | ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ၂၀၁၈ | 
                    
                    
                        | နည်းပညာကုဒ်  | P13 | 
                    
                    
                        | ယူအမ်ကုဒ်  | 
                        
                                                P13 - Authorization or permit requirements to export, for technical reasons
                                                 | 
                    
                    
                        | စည်းမျဉ်းအမျိုးအစား  | ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ | 
                    
                    
                        | ပြင်ဆင်သည့်ရက် | 
                        2018-08-14 10:50:31 |