| အကြောင်းအရာ  | ဤစီမံဆောင်ရွက်မှု (အခန်း ၁၉၊ ပုဒ်မ ၇၂) သည် သတ်မှတ်စည်းမျဉ်းများနှင့်ကိုက်ညီမှုရှိစေရန် ကုန်စည်အပေါ် စမ်းသပ်စစ်ဆေးရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှတင်သွင်းလာသော သို့မဟုတ် ပြည်တွင်း၌ထုတ်လုပ်သော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အရည်အသွေးစစ်ဆေးမှုခံယူလိုပါက သတ်မှတ်ထားသည့် နမူနာအရေအတွက် သို့မဟုတ် အလေးချိန်များနှင့်အတူ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်။ ရည်ရွယ်ချက်များမှာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ်ဖြစ်စေခြင်း နှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ | 
                    
                    
                        | မှတ်ချက်များ  | ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးနည်းဥပဒေ ၂၀၁၆ ကို စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏စီပွားရေးးအခြေအနေအရပြောင်းလဲနိုင်သည်။ | 
                    
                    
                        | အဖွဲ့အစည်း  | စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန | 
                    
                    
                        | ပို့ကုန်/သွင်းကုန်  | သွင်းကုန် | 
                    
                    
                        | မှ အတည်ဖြစ်သည်  | 2018-07-14  | 
                    
                    
                        | ထိ အတည်ဖြစ်သည်  |  သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ | 
                    
                    
                        | ရည်ညွှန်းချက်  | ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ ၂၀၁၃ | 
                    
                    
                        | နည်းပညာကုဒ်  | B82 | 
                    
                    
                        | ယူအမ်ကုဒ်  | 
                        
                                                B82 - Testing requirement
                                                 | 
                    
                    
                        | စည်းမျဉ်းအမျိုးအစား  | ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ | 
                    
                    
                        | ပြင်ဆင်သည့်ရက် | 
                        2018-07-31 16:11:17 |