အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများတင်သွင်းခြင်းအပေါ် ခွဲတမ်းသတ်မှတ်ခြင်း

အကြောင်းအရာ ဤစီမံဆောင်ရွက်မှု (အခန်း ၂၊ ပုဒ်မ ၁၀) သည် အမြဲတမ်းကိုတာသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြထားပါသည်။ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မှတ်ပုံတင်လက်မှတ်ရရှိသူများအား အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းတစ်ရပ်ရပ်ကို ပြည်တွင်းသို့ တင်သွင်းခွင့်ထောက်ခံချက်ပေးရန်အတွက် ခွဲတမ်းသတ်မှတ်ပေးရမည်။ ရည်ရွယ်ချက်များမှာ ဆုတ်ယုတ်ပျောက်ကွယ်စ ဖြစ်နေသော ဂေဟစနစ်များကို ဖြစ်နိုင်သမျှပြန်လည်ဖော်ထုတ်ရန်၊ သဘာဝသယံဇာတအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်ရန်တို့ဖြစ်ပါသည်။
မှတ်ချက်များ အမိန့်ကြော်ငြာစာအမှတ် ၃၇/၂၀၁၄ ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏အခြေအနေအရပြောင်းလဲနိုင်သည်။
အဖွဲ့အစည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ပို့ကုန်/သွင်းကုန် သွင်းကုန်
မှ အတည်ဖြစ်သည် 2018-07-14
ထိ အတည်ဖြစ်သည် သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။
ရည်ညွှန်းချက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ၂၀၁၂
နည်းပညာကုဒ်
ယူအမ်ကုဒ် E211 - Global allocation
စည်းမျဉ်းအမျိုးအစား ကျင့်သုံးဆောင်ရွက်မှုများအပြင် အလိုအလျောက်မဟုတ်သောလိုင်စင်စနစ်၊ ပမာဏကန့်သတ်မှုများ၊ တားမြစ်ချက်များနှင့် အရေအတွက်ထိန်းချုပ်စီမံဆောင်ရွက်မှုများ
ပြင်ဆင်သည့်ရက် 2018-07-14 16:54:40

လုပ်ထုံးလုပ်နည်းများ
အမည် အကြောင်းအရာ ကဏ္ဍ
အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာတင်သွင်းခြင်း၏ထောက်ခံချက်နှင့် လုပ်ငန်းလုပ်ကိုင်ခြင်းလိုင်စင် မြန်မာနိုင်ငံသို့ တင်သွင်းလိုသော အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ တင်သွင်းခြင်းအတွက် ထောက်ခံချက်နှင့် လုပ်ငန်းလုပ်ကိုင် ခြင်းလိုင်စင်ရရှိရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတွင် လျှောက်ထားခြင်း Import
ကုန်စည်များ

This measure applies to the following commodities.

HS Code အကြောင်းအရာ