အကြောင်းအရာ | ဤစီမံဆောင်ရွက်မှု (အခန်း ၂၊ ပုဒ်မ ၇) သည် ကုန်စည် သို့မဟုတ် တင်ပို့သူသည် တင်ပို့ခြင်းမဆောင်ရွက်မီ မှတ်ပုံတင်ခြင်းကိုဆောင်ရွက်ရန် ဖော်ပြထားပါသည်။ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းကိုဖြစ်စေ၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းကိုအသုံးပြုရန် ထုတ်လုပ်ထားသော ထုတ်ကုန်ကိုဖြစ်စေ ပြည်ပသို့ တင်ပို့ခြင်းအပါအဝင် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများအသုံးပြု၍ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် မိမိလုပ်ငန်းကို မှတ်ပုံတင်ပေးရန် သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ပေးအပ်သော ဦးစီးဌာနသို့ လျှောက်ထားရမည်။ ရည်ရွယ်ချက်များမှာ ဆုတ်ယုတ်ပျောက်ကွယ်စ ဖြစ်နေသော ဂေဟစနစ်များကို ဖြစ်နိုင်သမျှပြန်လည်ဖော်ထုတ်ရန်၊ သဘာဝသယံဇာတအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်ရန်တို့ဖြစ်ပါသည်။ |
မှတ်ချက်များ | အမိန့်ကြော်ငြာစာအမှတ် ၃၇/၂၀၁၄ ကို သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏အခြေအနေအရပြောင်းလဲနိုင်သည်။ |
အဖွဲ့အစည်း | ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန |
ပို့ကုန်/သွင်းကုန် | ပို့ကုန် |
မှ အတည်ဖြစ်သည် | 2018-07-14 |
ထိ အတည်ဖြစ်သည် | သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ |
ရည်ညွှန်းချက် | ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ၂၀၁၂ |
နည်းပညာကုဒ် | |
ယူအမ်ကုဒ် |
P14 - Export Registration requirements for technical reasons
|
စည်းမျဉ်းအမျိုးအစား | ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ |
ပြင်ဆင်သည့်ရက် |
2018-07-14 16:55:24 |