အမိန့်ကြော်ငြာစာအမှတ် ၁၀/၉၉ (ပြည်ပသို့တင်ပို့ခွင့်မပြုသောပစ္စည်းများအဖြစ်သတ်မှတ်သည့်အမိန့်)

မှတ်ပုံတင်ထားသော ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်များသည် ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ထားသော ကုန်စည်များကို ပင်လယ်ရေကြောင်းမှဖြစ်စေ၊ နယ်စပ်ဒေသများမှတစ်ဆင့်ဖြစ်စေ တင်ပို့ရောင်းချခွင့်မပြုကြောင်းကြေငြာလိုက်သည်။ ဤအမိန့်ကြော်ငြာစာတွင်ပါဝင်သော ကုန်စည်များကို တင်ပို့ခွင့်တားမြစ်ထားသောကုန်စည်များစာရင်းမှ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၁၊ ၁၄/၂၀၁၄၊ ၄၉/၂၀၁၇နှင့် ၇/၂၀၁၈ တို့ဖြင့် အသီးသီးဖြေလျော့ခဲ့ရာ တင်ပို့ခွင့်တားမြစ်ထားသောစာရင်းတွင် အောက်ပါ ကုန်စည်စာရင်းများသာ ကျန်ရှိပါသည်-
၁။ ရေနံ
၂။ စိန်
၃။ ဆင်စွယ်
၄။ ဆင်၊ မြင်းနှင့် ရှားပါးတိရစ္ဆာန်
၅။ လက်နက်ခဲယမ်းမီးကျောက်
၆။ ရှေးဟောင်းပစ္စည်းများ

ထုတ်ပြန်သည့်ရက် 1999-09-26
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2018-04-08 20:07:47

picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၆ (ပြည်ပသို့တင်ပို့ခွင့်မပြုသောပစ္စည်းများမှ ဖြေလျှော့တင်ပို့ခွင့်ပြုမည့် ကုန်စည်ပြင်ဆင်သတ်မှတ်သည် အမိန့်ကြော်ငြာစာ) Myanmar 1.12MB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၇/၂၀၁၈ (ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများအား တင်ပို့/သွင်းခွင့်ပြုခြင်း) Myanmar 4.16MB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၁ (ပြည်ပသို့တင်ပို့ခွင့်မပြုသောပစ္စည်းများအား ပြင်ဆင်သတ်မှတ်သည့်အမိန့်) Myanmar 1.26MB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၄ (ပြည်ပသို့တင်ပို့ခွင့်ပြုသောပစ္စည်းများအား သတ်မှတ်သည့်အမိန့်) Myanmar 218.83kB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၇ (ကျွဲ၊ နွားအရှင်များအား ပြည်ပသို့တရားဝင်တင်ပို့ခွင့်ပြုခြင်း) Myanmar 179.14kB file_downloadဒေါင်းလုပ်