ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁/၂၀၂၄) နယ်စပ်ကုန်သွယ်ရေးနည်းလမ်းအသစ်တစ်ခုအဖြစ် ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် နယ်စပ်ကုန်သွယ်ရေးနည်းလမ်း (Border Trade Method) အသစ်တစ်ခုအဖြစ် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေး (ရန်ကုန်-ကော့သောင်း-ရနောင်း) နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်) ကို  ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားသည့် ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁/၂၀၂၄) အား (၁၁-၄-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါသတင်းလွှာတွင် လိုက်နာဆောင်ရွက်ရမည့် စံပြုလုပ်ငန်းစဉ်များအား ပူးတွဲဖော်ပြထားပါသည်။

 

ထုတ်ပြန်သည့်ရက် 2024-04-11
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2024-04-24 09:36:49

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ