အမိန့်ကြော်ငြာစာအမှတ်(၂၇/၂၀၂၃) ပို့ကုန်ရငွေများအား ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့်ကာလကို ပြင်ဆင်သတ်မှတ်သည့် အမိန့်ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉ ၊ ပုဒ်မ ခွဲ(ခ)အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပို့ကုန်ရငွေများအား ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့်ကာလကို အာရှနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ (၄၅) ရက်အစား (၃၀) ရက်သို့လည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ (၉၀) ရက်အစား (၆၀) ရက်သို့လည်းကောင်း ပြင်ဆင်သတ်မှတ်ခြင်း အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၃) ဖြင့် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2023-12-25
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့
တာဝန်ယူသည့် အဖွဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ပြင်ဆင်သည့်ရက် 2024-02-07 08:06:35

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ