ကုန်သွယ်ရေးစခန်းပြောင်းလဲ တင်ပို့တင်သွင်းခွင့်ပြုမည့် အသိပေး ကြေညာချက်ထုတ်ပြန်ခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် မြန်မာ-တရုတ် ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် နယ်စပ်မှတင်ပို့တင်သွင်းရန် လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေးစခန်းမှမဆို ပြောင်းလဲတင်ပို့၊ တင်သွင်းခွင့်ပြုပေးမည်ဖြစ်သကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်ပို့၊တင်သွင်းလိုပါကလည်း ပြောင်းလဲခွင့်ပြုပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်ထုတ်ပြန်ခြင်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

 

ထုတ်ပြန်သည့်ရက် 2023-11-08
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2023-11-13 05:04:04

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ