အမိန့်ကြော်ငြာစာအမှတ် ၄၆/၂၀၁၈ (ဆင့်ပွားစျေးကွက်ဖြန့်ချိရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ တားမြစ်ခြင်း)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရအဖွဲ့၏ ၃၁-၈- ၂၀၁ ၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၉၄/၂၀၁၈ အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက် သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စျေးကွက်အတွင်းဆင့်ပွား စျေးကွက်ဖြန့်ချိရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းကို ဤအမိန့်ကြော်ငြာစာထုတ် ပြန်သည့်နေ့မှစ၍ တားမြစ်လိုက်သည်။ တားမြစ်ထားသည့် ဆင့်ပွားစျေးကွက်ဖြန့်ချိရေး လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည်ကို စုံစမ်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန် ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်။

ထုတ်ပြန်သည့်ရက် 2018-09-18
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2018-09-25 12:00:49

picture_as_pdfမြန်မာ