မြေဩဇာဥပဒေ ၂၀၀၂

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အမိန့်အမှတ် ၇/၂၀၀၂ ဖြင့် ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် မြေသြဇာဥပဒေကို ပြဌာန်းလိုက်သည်။ ရည်ရွယ်ချက်များမှာ နိုင်ငံတော်၏အခြေခံစီးပွားရေးဖြစ်သော လယ်ယာဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်၊ မြေသြဇာလုပ်ငန်းများကို စနစ်တကျ ကွပ်ကဲထိန်းသိမ်းနိုင်ရန်၊ အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းပြည့်မီသော မြေသြဇာကို စိုက်ပျိုးသူများသုံးစွဲနိုင်ရန်၊ သင့်လျော်သော မြေသြဇာကို သုံးစွဲခြင်းဖြင့် မြေဆီလွှာထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေကို အထောက်အကူပြုနိုင်ရန်၊ မြေသြဇာကို စိုက်ပျိုးသူများ စနစ်တကျ သုံးစွဲနိုင်ရေးအတွက် ပညာပေးလုပ်ငန်းနှင့် သုတေသလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်၊ မြေသြဇာလုပ်ငန်းနှင့် စပ်လျဉ်း၍ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် တို့ဖြစ်ပါသည်။ 

ထုတ်ပြန်သည့်ရက် 2002-10-01
ဥပဒေ အမျိုးအစား Law
ထုတ်ပြန်သည့်အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ စိုက်ပျိုးရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2018-07-03 16:15:02

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
မြေဩဇာဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၁၅ Myanmar 72.55kB file_downloadဒေါင်းလုပ်