ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သော သတင်းလွှာ (၈/၂၀၂၁) ထုတ်ပြန်ခြင်း

သွင်းကုန် လိုင်စင်လျှောက်ထားရာတွင် အောက်ပါ အထောက်အထားများနှင့် စပ်လျဉ်း၍  ယာယီဖြေလျှော့ခွင့်ပြုခြင်းကို သတင်းလွှာ (၃/၂၀၂၁) နှင့် (၄/၂၀၂၁) တို့ဖြင့် ထုတ်ပြန် ခဲ့ပါသည် ။

(က)    DIAC နှင့် DRC ၏ သက်တမ်းကုန်ဆုံးသည့်ကိစ္စရပ်များအတွက် DIAC  နှင့် DRC ရရှိထားပြီး ယခင်တင်သွင်းလျက်ရှိသော ဆေးဝါးများဖြစ်ပါက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် အဆိုပါ မှတ်ပုံ တင်လက်မှတ်များကို သက်တမ်းတိုးလျှောက်ထားကြောင်း ယင်းဌာန၏ ထောက်ခံချက်ဖြင့် သွင်းကုန်လိုင်စင်ခွင့်ပြုပေးခြင်း၊ 

( ခ)  CMP ပစ္စည်းများ တင်သွင်းခြင်းအတွက မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) ၏ ထောက်ခံချက်မပါရှိဘဲ သွင်းကုန် လိုင်စင်ခွင့်ပြုပေးခြင်း၊

ဆက်လက်၍ အပိုဒ် ၁ (က) ပါ အထောက်အထားမျးအား ယာယီဖြေလျှော့ခွင့် ပြုခြင်းကို ၂၀၂၁ ခုနှစ်၊ ဇွန် လ ၁၁ ရက်နေ့အထိ သက်တမ်းတိုး၍ ခွင့်ပြုသွားမည် ဖြစ်ပါ ကြောင်း နှင့် အပိုဒ် (ခ) နှင့်စပ်လျဉ်း၍ MGMA မှ ထောက်ခံချက်များ ထုတ်ပေးခြင်းကို ဆောင်ရွက်နေပြီဖြစ်သဖြင့် သွင်းကုန်လိုင်စင်ကို ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

  • အဖွဲ့အစည်း ကုန်သွယ်ရေးဦးစီးဌာန
  • ကဏ္ဍ Import/Export

file_downloadဒေါင်းလုပ်

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
Newsletter (3-2021) FDA Document Myanmar 0.96MB file_downloadဒေါင်းလုပ်
Newsletter (4-2021) Myanmar 1.01MB file_downloadဒေါင်းလုပ်