ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ ၁၈/၂၀၂၀ (Myanmar Tradenet 2.0 စနစ် စတင်မည့် (၁-၁၁-၂၀၂၀) ရက်နေ့မှစ၍ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခြင်း)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် Myanmar Tradenet 2.0 စနစ်ဖြင့် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြောင်းလဲကောက်ခံမည့် ဝန်ဆောင်ခနှုန်းထားများအား ၂၈-၁၀-၂၀၂၀ ရက်နေ့တွင် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာအမှတ် ၁၈/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေငြာလိုက်သည်။
အဆိုပါ သတင်းလွှာအရ Myanmar Tradenet 2.0 စနစ်ဖြင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်မည့် လုပ်ငန်းရှင်များအနေဖြင့် Tradenet 2.0 စနစ်အသုံးပြုမှုနှစ်စဉ်ကြေးကို လက်ရှိကောက်ခံမှု ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပြီး Online ဝန်ဆောင်ခကိုလည်း ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်သို့ ပြောင်းလဲ ကောက်ခံသွားမည်ဖြစ်ပါသည်။
ထို့အပြင် ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်/သက်တမ်းတိုးခြင်း/ပြင်ဆင်ခြင်း/ဒဏ်ကြေး/ပြန်လည်အပ်နှံခြင်း တို့နှင့်စပ်လျဉ်သည့် ပြောင်းလဲကောက်ခံမည့် နှုန်းထားများကိုလည်း ဤသတင်းလွှာ၏ နောက်ဆက်တွဲပါအတိုင်း ကောက်ခံသွားမည်ဖြစ်သည်။

  • အဖွဲ့အစည်း ကုန်သွယ်ရေးဦးစီးဌာန
  • ကဏ္ဍ Import/Export

file_downloadဒေါင်းလုပ်

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
ပို့ကုန်သွင်းကုန်သတင်းလွှာအမှတ် ၁၇/၂၀၂၀ (Myanmar Tradenet 2.0 စနစ် စတင် အသုံးပြုမည့် အခြေအနေအား အသိပေးထုတ်ပြန်ခြင်း) Myanmar 650.57kB file_downloadဒေါင်းလုပ်